အပိုင်း-၁၅

1.9K 120 2
                                    

-အမြင်အာရုံ-

လွင်တို့စီးလာတဲ့ကားလေးဟာ တံတားအဆင်းမကြာမှီ တစ်ခုခုဖြစ်သွားပြီး လွင်တို့ကမ္ဘာကြီးနဲ့အဆက်သွယ်ပြတ်သွားခဲ့တယ်။

ဒါကိုလွင်သိတယ်။

လွင့်ရဲ့ ခန္ဓာကိုယ်က နေရာတော်တော်များများ ကိုက်ခဲနေတယ်။ ဆရာဝန်တွေပြောသလို သတိမေ့တာကြာသွားလို့လား ဘေးနားကတစ်စုံတစ်ယောက်မသိ‌ေအာင် သတိမေ့ချင်ယောင်ဆောင်နေရလို့ ကိုက်ခဲနေတာလားဆိုတာကို လွင်တစ်ယောက်ပဲ သိပါလိမ့်မယ်။

အမှန်‌ေတာ့ လွင့်ရဲ့ ဦး‌ေခါင်းပိုင်းက ကိုက်ခဲနေတာမှန်ပင်မဲ့ အရာရာကိုသတိမေ့သွားတဲ့အခြေနေမဟုတ်ဘူးလို့ လွင်ထင်ပါတယ်။

ဒါပင်မဲ့ ဒါဟာထင်မြင်ခြင်းတစ်ခုပါပဲ။

လွင့်ရဲ့ဘေးနားမှာ ခပ်တိုးတိုးပြောနေတဲ့စကားသံတွေကိုလည်း လွင်ကြားနေရတယ်။ အထူးသဖြင့် ခန့်မှန်းပြောရရင် ၂၅နှစ်အရွယ် အမျိုးသမီးတစ်ယောက်ရဲ့ သပ်ပြင်းချသံတွေကို အများဆုံးနားထောင်နေရတာပါပဲ။

ဘာ‌‌ေကြာင့်မှန်း မသိပင်မဲ့ အဲ့အမျိုးသမီးကိုလွင် မသိဘူး။

"ဒါဆိုရင် ညီမလေး ဒီကလူနာရှင်ကိုရောမှတ်မိလား"

လွင့်ရှေ့ကဆရာဝန်ကြီးက လွင့်ဘေးမှာ မတ်တပ်ရပ်နေတဲ့ အမျိုးသမီးကိုညွှန်ပြရင်းမေးတယ်။

ခပ်ငြိမ်ငြိမ်ကြည့်နေတဲ့ အမျိုးသမီးရဲ့မျက်ဝန်းတွေထဲမှာ မျှော်လင့်ချက်တွေကို အံ့ဩစွာနဲ့ပဲ လွင်တွေ့လိုက်ရတယ်။

အံ့ဩမိခြင်းတွေပါပဲ ဒီအမျိုးသမီးရဲ့မျက်ဝန်းတွေက ရင်ခုန်ချင်စရာ သိပ်ကောင်းတယ်။

"ဟင့်အင်း"

လွင့်ရဲ့စကားသံအဆုံးမှာ ဆရာဝန်ရဲ့ခေါင်းငြိမ့်မှုကို ခပ်ရေးရေးမြင်လိုက်ရပြီး ဘေးကအမျိုးသမီးရဲ့မျက်ဝန်းတွေကတော့ မထင်မှတ်ထားတဲ့ ကြေကွဲခြင်းတွေက ဖြတ်ကနဲအစားထိုးသွားတာကို လွင်အကဲခတ်မိပါတယ်။

ရင်ထဲက အသံတိုးတိုးလေးကို လွင်ခံစားလို့ရနေပင်မဲ့ ၂၅နှစ်အရွယ်အမျိုးသမီးတစ်ယောက်ရဲ့ အတွေးတွေကိုတော့ လွင်မပြောပြတတ်ဘူး။

MyaWhere stories live. Discover now