အပိုင်း-၂၅

1.6K 103 0
                                    

-အချိန်ကာလ-

လွင့်၏အတွေးများသည် တောင်စဉ်ရေမရဖြစ်နေသည်။ မြနှင့်သက်ဆိုင်ဖူးသောအမှတ်တရများအား အထူးအဆန်းဖြစ်လို့သာနေသည်။ ခပ်ငြိမ်ငြိမ်ဖြစ်သွားသော မြ၏အပြုအမှုများကိုလဲ လွင်နားလည်ပါသည်။ မြသည် ဤဖြစ်ရပ်များအား မည်သို့သိမ်းဆည်းထားခဲ့ပါသနည်း။

လွင်ဖြင့် မစဉ်းစားတတ်‌အောင်ပင်။ ယခုလွင့်၏အသက်သည် ၂၀ကျော်နေပြီဖြစ်သည်။ ဆယ်ကျော်သက်အရွယ်က အဖြစ်အပျက်အားလုံးကို အမျိုးသမီးသည်သိမ်းဆည်းထားသည်တဲ့။

မဖြစ်နိုင်စရာပင်။ လွင့်အပေါ်ယခုလိုချစ်ခဲ့ပါတယ်ဆိုတဲ့ အသိဟာ သိပ်ကိုအံ့ဩစရာကောင်းလွန်သလို နွေးထွေးလွန်းသည်။

×××

"မမမြ မမမြ"

"ပြောပြော ဒီမှာ စာရင်းတွက်နေတာကို ဘေးကနေလိုက်ကပ်နေတယ်"

မြသည် လက်ထဲက ဂဏန်းတွက်စက်အား တဂွက်ဂွက်မြည်အောင်နှိပ်ရင်း လွင့်အားမျက်စောင်းလေးထိုးကာ ဆူပါသည်။ သို့သော် လွင့်၏ပြုံးပျော်နေသော မျက်နှာထားဟာ ပုံမပျက်သေး။

"ဟိုဟာလေ မောင် ဂစ်တာအတီးသွားသင်ထားတယ် သိလား အဆောင်ကကောင်မလေးတွေထဲက တစ်ယောက်သင်ပေးတာ"

"မဆိုးပါဘူး အဲ့ကောင်မလေးကချောလား ချစ်စရာကောင်းရဲ့လား"

"သင်ပေးတဲ့လူဆိုတော့လည်း ချစ်စရာလေးပါပဲ"

"အို မြထပ်တောင်ပိုကောင်းတာလား ဟိုဘက်က"

"အာ မဟုတ်ဘူး မဟုတ်ဘူး"

မြသည် ဂဏန်းတွက်စက်အား ကျွန်းစားပွဲခုံပေါ် ဒုန်းကနဲ အသံမြည်အောင်ချလိုက်သည်။ ထို့နောက် လွင့်အား မျက်စောင်းထိုးကာ ထသွားလေသည်။

'ဘယ့်နှယ် အနားအတင်းကပ်လာပြီး သူများအကြောင်းလာပြောနေတယ်'

"မြ မြ မောင်ကစတာလေ မြကလည်း"

"အို စလည်း မြမှ မပျော်ရ၊ မရီရတာ မကြိုက်ဘူးနော်"

မြသည် လွင့်၏ဝဲကျနေသော ဆံပင်များကိုသပ်တင်ပေးရင်း ပြောလာသည်။ ထိုစဉ် တစ်ခါတစ်ရံမှ မြင်ရတတ်သော မြ၏ နှုတ်ခမ်းစူနေသောပုံလေးအား လွင်တစ်ယောက် တိတ်တိတ်ကလေး သဘောကျနေမိသည်။

MyaWhere stories live. Discover now