အပိုင်း-၃

3.3K 190 0
                                    

-မောင့်၏အတွေး-

သီချင်းသံ ခပ်ငြိမ့်ငြိမ့်လေး အိမ်ထဲပျံ့လွင့်နေသလို မီးဖိုချောင်ထဲမှ တရုတ်မဆာလာအနံ့ ခပ်မွှေး‌ေမွှးလေးထွက်နေသည်။ ထို့အတူ ရေချိုးခန်းထဲမှ ရေစီးသံများကိုလဲ ကြားနေရသည်။

မောင်ဟာ မြအတွက် ဟင်းချက်နေပါသည်။

ရေကိုခပ်သွက်သွက်‌ပဲ ချိုးလိုက်ပြီး မြတစ်ယောက် ရေချိူးခန်းထဲမှထွက်ကာ အဝတ်သွားလဲလိုက်သည်။ အိမ်နေရင်းမို့ ဆံပင်ကိုချထားကာ အကျီခပ်ပါးပါးပဲ ဝတ်ထားသည်။ မိုးရွာထားသည်သာဆိုသည် အပူများကန်တက်လာသောကြောင့်  အိုက်စပ်စပ်ဖြစ်နေသေးသည်။

"မြရေ ‌စားလို့ရပြီနော်"

ဟုဆိုကာ မောင်သည် ခပ်ပြုံးပြုံးဖြင့် မြအား ထမင်းစားပွဲဆီခေါ်ကာ ခွံကျွေးတော့သည်။

မြသည်မောင့်ထပ်အသက်ကြီးပါသည်။ သို့သော် မောင်နှင့်တွေ့လျှင် မြဟာ ငယ်သွားသည်။ မောင်ဟာ မြနှင့်အတူရှိရတာရှားသည် သို့သော် အတူရှိချိန်တွင် မြအားယုယကြင်နာတတ်သည်။

ဤသည်မှာ မြသတ်မှတ်သည့် မောင့်၏မေတ္တာတရားပင်ဖြစ်ပါသည်။

×××

မောင်နှင့်ကျွန်မ ထမင်းစားပြီးနောက်တွင် ဝရန်တာလေးမှာထိုင်ခံု‌ေလးချကာ အတူတူထိုင်နေသည်။ မောင့်၏လက်ထဲတွင် မြဝယ်ပေးထားသည့် ကာကီရောင် ဂစ်တာလေးရှိသည်။

မောင်သည် ဆံပင်တွေကို ခပ်လျော့လျော့သာစည်းထားသည်။ မျက်နှာထား ခပ်တင်းတင်းနှင့် မြ၏မောင်ဟာ ယခုချိန်တွင် အပြုံးပန်းများဝေနေသည်။

ပါးရိုးသွယ်သွယ်၊ မျက်ဝန်းတောက်တောက်နှင့် ကြည်လင်သော အသားအ‌ရည်နှင့် မောင်ဟာ တစ်ခါတစ်လေ မြအား ယခုလိုပြောတတ်ပါသည်။

"မြ မောင့်ကို မချစ်ဘူးထင်တယ်"

"မဟုတ်ရပါဘူး"

"ဒါဆိုချစ်လား"

"မချစ်ဘူး"

မြသည် မောင့်အား ချစ်သည်ဟုမပြောဖူးသေးပါ။ မောင်သည် မြအပေါ်အနိုင်ယူမည့်သူမဟုတ်မှန်း သိသည်။ သို့သော် မယုံရဲပါ။ မောင့်၏အချစ်ဟာ ယုယတန်ဖိုးထားသည့်အချစ်။ တစ်ဖက်တွင် မြဟာအချစ်ကို စကားလ‌ံုးလောက်သာ သဘောတွင်ချင်ပါသည်။

MyaWhere stories live. Discover now