(Extra-5)

2.2K 104 2
                                    

-ပူလောင်သော မေတ္တာ-

မြသည် မောင်ငြိမ်း၏အသံကို ကြားပြီးနောက်တွင် အသက်ကိုတင်းပြီး ရှူလိုက်သည်။ သို့သော် မြ၏တုန်လှုပ်နေသော လက်အစုံကတော့ ထိန်းမရ။ ထို့နောက်မြသည် ဘေးပတ်ဝန်းကျင်ကို လျှင်မြန်စွာ ‌ကြည့်လိုက်သည်။ သို့သော် မည်သူမျှမရှိ။

"အစ်မ ကျနော့်ကို အဖြေပေးပါ"

"မြ ကျနော့်ကို မုန်း‌တာလား"

"မြက စက်ဆုတ်စရာပဲ မုန်းစရာလည်းကောင်းတယ်"

"အစ်မမြ မြ"

မြသည် ပူထူလာသောခေါင်းကို လက်ဖြင့်ဆုတ်ကိုင်ကာ အော်ဟစ်လိုက်သည်။ မြ၏အော်ဟစ်သံကြောင့် ဘုရားတဝိုက်က လူအချို့ မြအနားလာပြီး အဆင်ပြေရဲ့လားဟုမေးသည်။

မြသည် ခေါင်းသာငြိမ့်ပြပြီး ဆင်းတုတော်၏အနောက်ဘက် ချောင်ကျ၍ မိုးလွတ်နေသော နေရာလေးနား ခဏလောက် ထိုင်ချကာ သပ်ပြင်းချလိုက်သည်။

သပ်ပြင်းချလိုက်သည်နှင့် တပြိုင်နက် မြသည် ထပ်မံတုန်လှုပ်လာပြန်သည်။

"မဟုတ်ဘူး  မြ မသတ်ဘူး"

မြသည် ခေါင်းထဲပေါ်လာသော စကားများကိုခွန်းတုံ့ပြန်ပြောရင်း အရူးတစ်ယောက်သဖွယ်ဖြစ်နေသည်။

ဤသည်မှာ ပူလောင်သော မေတ္တာတရားတို့ကြောင့်ပင်ဖြစ်ပါသည်။

×××

"အစ်မမြ ခဏစောင့်ပါအုံး"

မြသည် ဂိုက်သွားလုပ်ရမည့် ကလေးတစ်‌ေယာက်၏အိမ်သို့ ခပ်သုတ်သုတ်သွားနေတံုးမြအနောက်က အသံကြောင့် လမ်းကိုအရှိန်တင်ကာ လျှောက်လိုက်သည်။

"မြ စောင့်အုံးလို့ ကျနော်ပြောနေတယ်လေ"

မြသည် ဘေးပတ်ဝန်းကျင်ကို အားမနာ‌ပဲ အော်ဟစ်ကာ မြအနောက်ကို လိုက်လာသော ကလေးကို အလိုမကျစွာဖြင့်ကြည့်ပြီး လမ်းလျှောက်တာ ရပ်တန့်လိုက်သည်။

"ကျေးဇူးပါပဲ မြ"

"ငြိမ်းသော် အစ်မကို မြလို့နာမည်မခေါ်နဲ့ မင်းခေါ်နေကျ အစ်မလို့ပဲခေါ်"

MyaWhere stories live. Discover now