အပိုင်း-၄

2.9K 157 0
                                    

-မြ၏မုသား-

မောင့်၏ ကြည်လင်နေသော မျက်နှာလေးဟာ ညိုးငယ်နေသည်။ မျက်ဝန်းများမှ မျက်ရည်များကိုကြည့်ပြီး မြသည် နာကျင်ရပါသည်။

ကျွန်မသည် မောင့်ကိုမချစ်တာမဟုတ်ပါ။

ဖော်ပြရန်မတတ်နိုင်ခြင်းပင်ဖြစ်သည်။

မြသည် မောင့်အား ချစ်သည်ဟုပြောရန်မတတ်နိုင်သော အမ‌ျိုးသမီးတစ်ဦးပင်ဖြစ်နေပါသည်။

မြ၏အတွေးဟာ ရှေးရိုးဆန်သည်ဟု အသိုင်းအဝိုင်းထဲက လူတချို့ဟာ ကဲ့ရဲ့သလို မိန်းမအချင်းချင်း မေတ္တာမျှသည်ကို နှာခေါင်းရှံ့တာကိုလည်း မြသိပါသည်။ ဤသည်ကို မြ မည်သို့မျှ မခံစားရပါ။ သို့သော်မောင်သည် စပ်စပ်ထိမခံဖြစ်သည်။ မောင်သည် ဤသို့ပြောခံရလျှင် ပေါက်ကွဲတတ်ပါသည်။

မြသည် မောင့်အားသေချာမသိပါ။ မောင်သည် တစ်ခါတစ်ရံတွင် ယုယတတ်သည့် ဉယျာဉ်မှူးကောင်းဖြစ်ပြီး တစ်ခါတစ်ရံ အပင်ကိုသေအောင်သတ်သည့် လမ်းသွားလမ်းလာတစ်ဦးနှင့် တူပါသည်။ 

တစ်ခါတစ်ရံ မောင့်၏စိတ်ထဲတွင်  ‌မြမသိသော အကြောင်းအရာများ များစွာရှိနေလောက်ပါသည်။

ဤသို့‌ေသာ မောင်သည် မြဘဝထဲ ရုတ်တရပ်ဝင်ရောက်လာပြီး မြအား အမျိုးမျိုး ခံစားရအောင်လုပ်သည့် စုန်းမလေးတစ်ဦးပင်ဖြစ်ပါသည်။

"ရှဲ ရှဲ"

"မောင် မြတို့ အိမ်ထဲဝင်ရအောင်လေ မိုးရွာလာပြီ"

တိတ်ဆိတ်စွာနှင့် ငိုနေသည့် မောင့်အားမြလက်ကိုင်ပုဝါလေးပေးကာ မောင့်အားအိမ်ထဲဝင်ရန် ပြောလိုက်သည်။ သို့သော် မောင်သည် တုတ်တုတ်မျှမလှုပ်။ မကြာမှီပင် မိုးသည်းလာသည်။ ခြံဝန်းထဲ မိုးရေစက်များသည်းနေအောင်ရွာနေသည်။ မောင့်အားမိုးရေတွေစင်ကုန်သည်။

မောင်သည် ရုတ်တရပ် ခြံထဲထွက်သွားသည်။ မြ၏ပုဝါအား လွတ်ပစ်ခဲ့ကာ ထွက်သွားသည်။ မောင့်အား မြနားမလည်နိုင်ပါ။

"မောင် မောင် ဖျားမယ်"

ဟုဆိုကာ မြတစ်ယောက် မောင့်အနောက်ပြေးလိုက်လိုက်သည်။ ခြံဝန်းတံခါးနားရောက်သည့်အခါ မြသည်မောင့်အားမှီသွားပါသည်။ မောင့်၏ဆံပင်များမိုးရေရွှဲနေပြီဖြစ်သည်။ မြ၏မောင်သည် ယခုတွင် အလွန်အေးစက်သည့် မျက်နှာထားဖြစ်နေပါသည်။

MyaWhere stories live. Discover now