ရွှေအိုရောင် ဆံနွယ်များကို ခပ်ဆတ်ဆတ် ထိုးဖွလိုက်သည့် မိုးခွန်းခ၏ ဘေး၌ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့သော ရှားရတုတစ်ယောက် သူနဲ့ မတော်သည့် ကုတ်အင်္ကျီကို လက်နှစ်ဖက်ဖြင့် ခပ်တင်းတင်းဆွဲစိထားရကာ ဂုတ်ထောက်နေသည့် သူ့ဆံနွယ်ရှည်များက ဆောင်းလေတစ်ချက်ဝှေ့လိုက်တိုင်း သူ့မျက်နှာပေါ် အုပ်မိုးဖုံးလွှမ်းလုနီးနီး ဖြစ်နေသည်။
နေသွန်းခ သူ့ကားနောက်ခန်းအား ထိုကောင်ချောလေးအတွက် ဖွင့်ပေးလိုက်ပြီး သူပါ ကားနောက်ခန်းမှာပဲ ထိုအလှလေးနှင့်အတူ ဝင်ထိုင်လိုက်ဖို့ အတွေးနဲ့အတူ ကြည်နူးအူမြူးနေစဉ် သူ့ရှေ့က ကောင်လေးအား ဆတ်ခနဲ ဆွဲထုတ်သွားသော လူတစ်ယောက်ကြောင့် အံ့ဩတကြီး ကြည့်လိုက်မိချိန် မြင်လိုက်ရသည့် ကျက်သတုံးကောင်၏ မျက်နှာကြောင့် ဒေါသက ထောင်းခနဲ။
သူ့လက်မောင်းကို အားနှင့်စောင့်ဆွဲခံလိုက်ရသည့်အပြင် တစ်ကိုယ်လုံး လှုပ်မရအောင်ပါ သူ့လက်မောင်းနှစ်ဖက်လုံးအား သန်မာသော လက်ချောင်းများဖြင့် ချုပ်နှောင်ခံလိုက်ရသည့် ရှားတစ်ယောက် ထိုလူ့လက်ချောင်းတွေအား အတင်းဆွဲခွာနေမိရင်း ရုန်းထွက်နေမိပြန်သည်။
"ငြိမ်ငြိမ်နေစမ်း၊ သေချင်လို့ ဘယ်လိုက်သွားဖို့လဲ"
"လွှတ်၊ ကျွန်တော် ခင်ဗျားနဲ့တော့ ပြန်မလိုက်ဘူး"
ရုန်းရင်းဆန်ခတ် ဖြစ်နေသော ထိုနှစ်ယောက်ကြား နေသွန်းခ ကြားဝင်လာခဲ့ပြီး ရှားအား ထိုကောင့်လက်ထဲမှ ဆွဲထုတ်ပေးဖို့ ပြင်လိုက်စဉ် မင်းပိုင်စိုးဇေ၏ လျင်မြန်သော လှုပ်ရှားမှုကြောင့် ထိုကောင်လေး၏ လက်တစ်ချောင်းကိုတောင် သူ ထိတွေ့ခွင့် မရလိုက်ဘဲ ထိုလူ့ရင်ခွင်ထဲ ဆွဲသွင်းခံလိုက်ရသည့်ကောင်လေးကိုသာ မြင်လိုက်ရသည်။
"ခင်ဗျား အသက်မပြည့်တဲ့ ကလေးကို အကြမ်းဖက်နေတာလား"
မိုးခွန်းခ မနေနိုင်လွန်းလို့ ဝင်ပြောလိုက်မိသည်။ ကြာရင် ကိုသွန်းနဲ့ ဒီလူတို့ ရန်ပွဲဖြစ်ကြတော့မှာ သူ မြင်ယောင်နေပြီ။
သူရော သွန်းရော၏ စိတ်ထဲ၌ ထိုကောင်လေးအား အသက်မပြည့်သေးသည့် မနူးမနပ်အရွယ်လေးဟု ထင်နေတာကြောင့် သူ့အစ်ကို ဓာတ်ကျတတ်သည့် ထိုအရွယ်လေးတွေကို ခွန်း ပစ်မှတ်ထားပြီး တိတ်တဆိတ် ရှာပေးနေရခြင်းဖြစ်တာမို့ ဒီတစ်ခေါက်လည်း သူ့အစ်ကိုအတွက် ဒီကောင်လေးကို ကားပေါ်တင်ခေါ်သွားဖို့ ဆုံးဖြတ်ထားခြင်းဖြစ်စဉ် သူတို့နဲ့ အမြဲရန်စရှိနေသည့် ထိုလူက သူ့အစီအစဉ်ပျက်အောင် အချိန်ကိုက် ဝင်ရှုပ်နေပြန်သည်။

BẠN ĐANG ĐỌC
နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]
Viễn tưởngTitle - နှောင်ကြိုးဖြင့် တွယ်ငြိရာ (နှောင်ကြိုးဖြင့် တွယ်ငြိရာ) Type - Own Creation , Myanmar BL သူ့ရဲ့ အကောင်းမွန်ဆုံးသော အသက်အရွယ်မှာ ဆိုးသွမ်းလွန်းတဲ့ ကလေးတစ်ယောက်ကို မွေးစားခဲ့ရတယ်။ အဲ့ကလေးက တည်ငြိမ်နေတဲ့ သူ့ဘဝထဲကို ကံဆိုးမှုတွေပါ သွင...