Final 🐼

4.6K 128 15
                                    

မင်းပိုင်စိုးဇေနှင့် သူ့ညီတို့ သူတို့အခန်းရှေ့မှ ဖြတ်လျှောက်သွားတာအား တွေ့လိုက်ရသည့် နေသွန်းခ။

သူ ခွန်းအား ခွံ့ကျွေးနေသည့် လက်ထဲမှ ဇွန်းအား စောင့်ချလိုက်သည်။ ထို့ကြောင့် အသံကြမ်းကြမ်းကိုပင် ထိတ်လန့်နေတတ်သည့် ခွန်းခမျာ တုန်တက်သွားခဲ့၏။

"ဒီကောင် ငါ့ညီကို ဘာလို့ ခေါ်သွားပြန်ပြီလဲ မသိဘူး"

ခွန်း အစ်ကို့လက်အား အမြန်ဆွဲထားလိုက်ရတော့သည်။

"ထားလိုက်ပါ၊ သူ အတိတ်ပြန်သတိရလာရင် အားလုံးအဆင်ပြေသွားမှာပါ။ ကျွန်တော့်ကိုယုံ၊ သူ အတိတ်မမေ့ခင်က ရှားကို သူ ဘယ်လောက်ချစ်ခဲ့လဲဆိုတာ ကျွန်တော့်လောက် ဘယ်သူမှ သိမှာမဟုတ်ဘူး"

နေသွန်းခ လက်သီးဆုပ်လိုက်ပြီးသာ ပြန်ထိုင်လိုက်ရတော့၏။ ဒယ်ဒီမို့လို့ ကိုယ့်သားကို ဒီလူသတ်ကောင် လက်ထဲ ထည့်ပေးနိုင်တာမို့ သူ ဒယ်ဒီနဲ့တောင် စကားမပြောနိုင်။ ဒယ်ဒီက သူ့အား ဝင်မရှုပ်ဖို့ ဟန့်ထားတာမို့သာ ငြိမ်နေရသော်လည်း သူ ရှားအား မျက်စိဒေါက်ထောက် လိုက်ကြည့်နေခဲ့သည်။

"မြန်မြန်သတိရလာအောင် အနောက်ကနေ တုတ်နဲ့ ဆယ်ချက်လောက် သွားဆော်လိုက်ဦးမယ်"

"အစ်ကို"

"အင်းပါ၊ ငါ မင်းကို ဒီရန်ပွဲထဲ မပါစေရတော့ပါဘူး။ မင်းသာ နောက်တစ်ခါ အခုလို အရူးလို လုပ်ရပ်တွေနဲ့ ငါ့ကို စိတ်ပူအောင် ထပ်မလုပ်နဲ့။ ဘယ်လိုပဲလုပ်လုပ် ငါ မင်းကို ညီလေး တော်မှာ မဟုတ်ဘူး"

မိုးခွန်းခ သူ့ရွှေအိုရောင်ဆံနွယ်များအား စိတ်တိုစွာ ဖွလိုက်ရင်း သူကလည်း ဒီလူနဲ့ ဘယ်လိုပုံစံနဲ့မဆို မပတ်သက်ချင်ပါကြောင်းသာ အော်ပြောလိုက်မိသည်။

"မင်း အဲ့ကောင်နဲ့ ပတ်သက်ပြီးရော အဆင်ပြေရဲ့လား"

ခွန်း၏ ဇေနှင့်ပတ်သက်သည့် ခံစားချက်တွေကို သူ အသိဆုံးမို့ သူ ခွန်းအား ဆန်ပြုတ် ပြန်ခွံ့ကျွေးလိုက်ရင်း မေးလိုက်ရသည်။

"ပြေတယ် ပြေတယ်။ ကျွန်တော် အဲ့ငရဲခန်းထဲက အခုလို အသက်ရှင်ရက် ပြန်ထွက်လာနိုင်တာနဲ့တင် ဘာမှမလိုချင်တော့ဘူး။ သူနဲ့လည်း မျက်နှာချင်းတောင် မဆိုင်ချင်တော့အောင် ကြောက်လွန်းလို့"

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Tahanan ng mga kuwento. Tumuklas ngayon