Chapter 35

2.4K 87 7
                                    

လန်ဒန်ဆောင်း၏ နှင်းဖွေးဖွေးလှုပ်မျှ အေးခဲနေသည့် တော်ရုံနှင့်လည်း နေမပွင့်နိုင်သည့် အအေးဒဏ်ကြား၌ နွေးထွေး‌အိစက်သော လျှပ်စစ်ဂွမ်းစောင်ထူထူအောက်၌ စာအုပ်ကို ပိုက်ရင်း အိပ်ပျော်နေသည့် ‌လှပသော ကောင်လေးတစ်ယောက်ရှိသည်။

ရှားရတု ဒယ်ဒီပြန်မလာခင် စာတကယ် အပြီးလုပ်ထားပါ၏။ ထိုအခါမှသာ ဒယ်ဒီပြန်လာလျှင် စာလုပ်စရာမလိုတော့ဘဲ ဒယ်ဒီ့နားမှာ အချိန်ပြည့် ချစ်ကြည်နူးနိုင်မှာမို့ သူ ညသန်းခေါင်ကျော်ထိပင် မအိပ်နိုင်ခဲ့ဘဲ စာလုပ်နေခဲ့သည်။

လန်ဒန်မနက်ခင်းက ဆောင်းငွေ့တွေ လွှမ်းခြုံရစ်သိုင်းနေတာကြောင့် သူ ပြန်နိုးလာသည့် မနက်ရှစ်နာရီကျော်ထိပင် မှောင်ပျပျ ဖြစ်နေသေးသည်။

ရှားတစ်ယောက် သူ့မျက်လုံးကို လက်ဖြင့်ပွတ်သပ်နေရင်း မှန်ချပ်တွေအား လှမ်းကြည့်လိုက်ချိန် အရသာရှိသည့် မြင်ကွင်းတစ်ခုက သူ့အား စောင့်ကြိုနေတာကြောင့် သူ့ပါးပြင်နှစ်ဖက်လုံး ရှက်သွေးဖြာသွားသည့်အလား ပန်းရောင်ပြေးသွားခဲ့ပြီး နှာခေါင်းမှလည်း သွေးပင် လျှံကျချင်သလိုလို။

သူ့အခန်းဆီ ပြန်ရောက်နေပြီဖြစ်သည့် ဒယ်ဒီက အပေါ်ပိုင်း ကိုယ်ဗလာနှင့် သူ့ကုတင်အောက် ခပ်လှမ်းလှမ်း၌ မှန်ချပ်တွေကို မျက်နှာမူရင်း ဒိုက်ထိုးနေတာကြောင့် ထိုမြင်ကွင်းကို ယခုလို မျက်လုံးပွင့်ပွင့်ချင်း မြင်လိုက်ရတာက ကြည့်ကောင်းလွန်းလှပါ၏။

ထို့ကြောင့် ရှားရတု သူ့ကုတင်အောက်သို့ တိုးတိတ်စွာ ဆင်းလိုက်သည်။ သူ့အခန်းထဲ၌ ဒယ်ဒီက သူ့ဆီ အအေးဓာတ် လုံးဝမသက်ရောက်စေရန်အလို့ငှာ နင်းလျှောက်လိုက်တိုင်း နူးညံ့နေမည့် အမွှေးပွ ကော်ဇောအား ခန်းလုံးပြည့်ခင်းပေးထားတာမို့ သူ ခြေသံလုံလုံဖြင့် ဒယ်ဒီ့နား ကပ်လာရ အဆင်ပြေသည်။

ဒယ်ဒီ ကြမ်းပြင်ဆီသို့ တစ်ချက်ထိုးလိုက်ချိန်၌ ရှားတစ်ယောက် ဒယ်ဒီ့ကျောပေါ် တက်ခွကာ လှဲအိပ်ပစ်လိုက်ပြီးပြီဖြစ်၏။

ထို့ကြောင့် သူ့ကျောပေါ်တက်အိပ်နေသည့် ရှားအား နောက်ပြန်လှည့်ကြည့်လိုက်ရကာ ဇေ ခေါင်းရမ်းရင်း ထိုကလေးကို ကျောပိုးထားရင်း တစ်ချက်နှစ်ချက် ထိုးလိုက်ရ၏။

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Where stories live. Discover now