Chapter 26

2.1K 112 5
                                    

လန်ဒန်၏ ဆောင်းရာသီက ရှား နေထိုင်ခဲ့ရာ နိုင်ငံနှင့် အပုံကြီးကွာသည်ဟု သတ်မှတ်နိုင်လောက်အောင် အေးသည့်အပြင် သူ့အခန်းထဲရှိ နံရံပြည့်မှန်ချပ်ရှည်များမှ အပြင်ဖက်သို့ ရှင်းလင်းစွာ မြင်နေရသည့် ရှုခင်းကြောင့် နှင်းများကျနေသည်ကိုပင် တွေ့နေရသည်။

သို့သော်ငြား အခန်းတွင်း၌မူ အပူထိန်းစက်များကြောင့်အပြင် ဒယ်ဒီ့ကိုယ်ငွေ့ကြောင့်ပါ ရှားအတွက် နွေးထွေးစွာ ရှိနေသည်။

"ကျွန်တော့်ကို ပြီးအောင် လုပ်ပေးပါဆို"

ရှား၏ အလိုမကျသံများနှင့်အတူ လှပသည့် မျက်နှာလေးက မှုန်ကုပ်လာသည်။ ပန်းနုရောင် ဖျော့ဖျော့ပြေးနေသည့် နှုတ်ခမ်းပါးလေးများက ရှား၏ စိတ်မရှည်မှုကြောင့် အညှာအတာမဲ့စွာ ဖိကိုက်ခံနေရရှာ၏။ ထိုအပြုအမူလေးများကို မြင်နေရသည့် ဇေ့အတွက် ရည်ရွယ်ထားခြင်းမရှိခဲ့သော်လည်း ဒီကလေးနှင့် နောက်တစ်ကြိမ် ချစ်တင်းနှီးနှောလိုစိတ်များက သူ့ခန္ဓာကိုယ်ကပါ တောင့်တလာခဲ့သည်။

ရှား၏ အောက်ပိုင်းပေါ်ရှိ သူ့လက်ချောင်းများအား ဇေ လှုပ်ရှားလိုက်ရင်း ကုတင်ဘေးက စာကြည့်မီးအိမ်ဘေး၌ ကွန်ဒုံးနှင့် ချောဆီကို မြင်လိုက်ရတာမို့ ကြိုပြင်ထားပေးခဲ့ပုံရသည့် သူ့တပည့်ကြောင့် အရာရာအဆင်သင့်ဖြစ်လို့နေသည်။

"တင်ပါးကြွလိုက်"

ထိုကလေး၏ ခြေထောက်များက ကုတင်အောက်မှာသာ ရှိနေသေးပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကိုသာ ကုတင်ပေါ် လှဲအိပ်နေသေးတာ ဖြစ်သည်။ ထို့ကြောင့် ရှား၏ ဘောင်းဘီဇစ်ကို ဆွဲချလိုက်ရင်း သူ ရှားအား တင်ပါးကြွခိုင်းလိုက်ရကာ ဘောင်းဘီရှည်ရော အတွင်းခံပါ ဆွဲချွတ်လိုက်တော့သည်။ ထို့နောက် ရှား၏ ဒူးအောက်နှင့် ပခုံးအောက်သို့ လက်လျှိုဝင်လိုက်ရင်း သူ ရှားအား ကုတင်ပေါ် ပွေ့ယူလိုက်ကာ ခေါင်းအုံးပေါ် သေချာချပေးလိုက်ပြီး ရှား၏ ပေါင်နှစ်ဖက်ကြား နေရာယူလိုက်သည်။

"ကိုယ် မင်း တစ်ကိုယ်လုံး ချွတ်ထားတာကိုပါ မြင်ချင်တယ်"

သူ ရှား၏ ဆွယ်တာကိုပါ ဆွဲချွတ်လိုက်ကာ နို့နှစ်ရောင်အသားအရည်ရှိသည့် ကောင်လေး၏ ဗလာကျင်းသွားသည့် ခန္ဓာကိုယ်အား ခေါင်းအစခြေအဆုံး ငေးမိသွားခဲ့ရင်း ချပ်ရပ်နေသည့် ဗိုက်သားပြင်ပေါ် ငုံ့နမ်းလိုက်မိသည်။ ရှား၏ ခန္ဓာကိုယ်ပေါ်ရှိ စွဲမက်ဖွယ် ကောက်ကြောင်းနှင့် ပွင့်ချပ်နှစ်ခုက ဇေ့အား အခုလို ထိုကောင်လေး၏ အတွင်းကျကျ အလှတရားတွေကိုပါ အနီးကပ်ကြည့်ခွင့်ရတာ ကံကောင်းမှုတစ်ခုဟုပင် မြင်လာစေခဲ့သည်။

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Where stories live. Discover now