Chapter 25

2.2K 112 4
                                    

ဆိုင်ကယ်တွေ၊ ကားတွေဖြင့် ရှုပ်ထွေးနေသော လမ်းတွေထဲ၌ အနက်ရောင်ကားနှစ်စီးက ရှေ့ဆင့်နောက်ဆင့် မိုင်ကုန် မောင်းနှင်နေကြသည်။

ဇေတို့ပါသော ကားကို နောက်ထပ်ကားနက်တစ်စီးက နောက်မှ တောက်လျှောက် ကာကွယ်ပေးထားကာ နောက်မှလိုက်လာသည့် ကားတစ်စီးအား တားဆီးပိတ်ပင်နေတာမို့ မိုးခွန်းခ လိုက်ပါလာသော ထိုကားက ဇေပါသော ကားနားထိ ကျော်တက်လို့မရ ဖြစ်နေသည်။

ထိုကဲ့သို့ ကြမ်းတမ်းစွာ အရှိန်မြှင့်မောင်းနှင်နေသော ကားနောက်ခန်းထဲ၌ ရှားတစ်ယောက် ကားအကွေ့တွေတိုင်း ထိုင်ခုံပေါ်၌ တည်မြဲခြင်း ရှိမနေနိုင်ဖြစ်နေရကာ ဘေးက ကားမှန်ကို သွားဆောင့်လိုက်၊ ဒယ်ဒီ့ကို သွားဆောင့်လိုက်နှင့် အလူးအလဲ ဖြစ်နေရသည်။ သူ ကား accident ဖြစ်ထားရတာ သိပ်တောင်မကြာသေးတာမို့ ကြောက်စရာအရှိန်တွေကြား ကားတိုက်မှုထပ်ဖြစ်မှာကို လန့်လာခဲ့သည်။ ထို့ကြောင့် မျက်လုံးစုံမှိတ်ပြီးသာ ဘုရားတနေမိရင်း အသာတွေနာနေချိန်၌ ကားပြတင်းမှန်နှင့် ထပ်မရိုက်မိအောင် ‌ရှေ့ခုံအား သေချာဆုပ်ကိုင်ထားမိသည်။

သူ့နောက်က ကားနှစ်စီးကိုသာ အာရုံစိုက်ရင်း သေနတ်ကို အဆင်သင့်ကိုင်ထားဆဲ ဇေ့အတွက် သူ့ဘေးက ကောင်လေး သူ့လက်မောင်းကို လာလာတိုက်မှသာ ရှားကို ပြန်ကြည့်နိုင်တော့ပြီး နောက်ကို လှည့်ကြည့်လိုက်ချိန် ခွန်း၏ကားက သူတို့ကားနောက်သို့ ကပ်လာခဲ့သည်။

မိုးခွန်းခ သူ့လက်ထဲမှ သေနတ်အား ထိုရှေ့ကား၏ နောက်ခန်းက ရှားထိုင်နေရာ တည့်တည့်ဆီ လှမ်းပစ်လိုက်သည်။

"ခေါင်းငုံ့"

ရှား၏ ခေါင်းအား ဇေ ဆွဲငုံ့ချလိုက်ရင်း ရှားအား ခုံအောက်ဆီ ဝပ်ခိုင်းလိုက်ပြီးသည်နှင့်တပြိုင်နက် သူ ခွန်း၏ ကားရှေ့မှန်ကို တရစပ်ပစ်ခတ်လိုက်ပြီး ထိုကားဘီးကိုပါ ပစ်ခတ်လိုက်တော့သည်။

မိုးခွန်းခ သူ့ဒရိုင်ဘာနှင့်အတူ ခုံအောက် အမြန်ဝပ်လိုက်ရချိန် ကျည်ဆန်သံတရွှီးရွှီးနှင့်အတူ ဘီးပေါက်သံပါ ကြားလိုက်ရပြီး သူတို့ကား လည်ထွက်သွားချိန်၌ ဇေ့၏ နောက်ထပ်ကားနက်တစ်စီးက သူတို့ကားနောက်ပိုင်းအား အရှိန်ဖြင့် တိုက်ထုတ်လိုက်တာကြောင့် ခွန်းတို့ကား လမ်းဘေးကပ်သွားခဲ့ရသည်။ ထိုအချိန်၌ ခွန်း ရှေ့ကားအား ခေါင်း‌ထောင် ပြန်ကြည့်လိုက်ချိန်၌ သူ့ပခုံးပေါ်သို့ ကျည်တစ်တောင့် တန်းတန်းမတ်မတ် စိုက်ဝင်လာခဲ့ပြီး ဇေ့၏ နတ်ဆိုးဆန်ဆန် အပြုံးအား ဇေ့ကားအရှိန်ကြား သူ လှစ်ခနဲသာ မြင်လိုက်ရသည်။

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Where stories live. Discover now