Extra (4)

3.4K 93 91
                                    

စားပွဲဝိုင်း၌ လူသုံးယောက် ရှိ၏။ ထိုစားပွဲဝိုင်းအား လူငယ်လုပ်ငန်းရှင်ဖြစ်သည့် ဟန့်ဖက်က တက်ကြွစွာ ဦးဆောင်နေတာကြောင့် ရှားရတု ဒယ်ဒီ့ကို ကြည့်လိုက် ဟန့်ကို ကြည့်လိုက်ဖြင့် အလုပ်များနေခဲ့သည်။

မင်းပိုင်စိုးဇေ ဟန့် စိတ်လှုပ်ရှားနေတာကို သတိထားမိတာကြောင့် ရှားရှေ့ကလွဲရင် အမြဲလိုလို တည်တင်းထားတတ်သည့် သူ့မျက်နှာကြောကိုပင် အနည်းငယ် လျှော့လိုက်မိသည်။

"ဟန့်ဖက်က ကျွန်တော်တို့ကို ပေါ့ပေါ့ပါးပါးပဲ ပြောလို့ရပါတယ်။ ကျွန်တော်တို့ဖက်က ဟန့်နဲ့ ရင်းနှီးမှု ပိုရချင်လို့ အပြင်မှာတောင် သီးသန့်ချိန်းလိုက်တာ"

သူ့စိတ်လှုပ်ရှား‌နေမှုကို ထိန်းထားနိုင်ပြီဟု ထင်ထားခဲ့သည့် ဟန့်တစ်ယောက် ကိုဇေ့အား ဖုံးကွယ်လို့မရတာကို သိလိုက်ရတာကြောင့် မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း ခုံနောက်ကျောကို မှီလိုက်တော့ကာ စိတ်အရမ်းမတင်းထားမိတော့။ ထို့ကြောင့် ဟန့် ခုနကထက် ပိုနေလို့ကောင်းသွားခဲ့သည်။

ရှားရတုမှာမူ ဟန့်အား အလွန်အားကျလျက်ပင် ရှိနေသည်။ ထို့ကြောင့် ဒီနှစ်ယောက် စကားရပ်လိုက်ချိန်၌ သူ အားတက်သရော ဟန့်အား ပွင့်ပွင့်လင်းလင်း ပြောလိုက်မိ၏။

"ဟန့်က ဒီအရွယ်နဲ့တင် ကုမ္ပဏီတစ်ခုလုံးကိုတောင် ဦးဆောင်နိုင်တာ မိုက်လိုက်တာ။ အရမ်းတော်တာပဲ"

ရှားရတု ပထမဆုံးအကြိမ် သူ့လိုအရွယ်မှာ အောင်မြင်နေတဲ့ ဟန့်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတာကြောင့် သူ အများကြီး ကြိုးစားဖို့ လိုနေမှန်း သိလိုက်ရသည်။ သူ အရင်ကတည်းက စာဖတ်ဆိုရင်တောင် ဒယ်ဒီ့ကိုပဲ ဖက်ချင်ခဲ့သူမို့ သူ ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်ခဲ့တာဆိုလို့ ဒယ်ဒီ့ကို အပိုင်သိမ်းနိုင်ခဲ့ခြင်းသာ ရှိ၏။

ဟန့်ကူရာယိမ်း ရှား၏ အသိအမှတ်ပြုမှုကို ခေါင်းညိတ်ခံယူလိုက်ရင်း-

"ကျွန်တော်ကတော့ ရှားကိုပဲ အားကျနေတာ။ စီးပွား‌ရေးလောကထဲကို ဝင်လာတဲ့ ရှားရဲ့ဘေးမှာက မှီခိုစရာ ပခုံးတွေ အများကြီး ရှိနေလို့လေ။ ကျွန်တော့်မှာ နောက်ခံရှိတယ်ဆိုပေမယ့် ကျွန်တော်တို့မိသားစုက စီးပွားရေးသမားတွေ မဟုတ်တော့ ကျွန်တော့်အတွက် ကျွန်တော်ပဲ ရှိတယ်ဆိုတဲ့စိတ်နဲ့ နှစ်ဆ ကြိုးစားခဲ့ရတာ။ ငါ လဲကျသွားလို့ မဖြစ်ဘူးဆိုပြီး ကြောက်ခဲ့ရတာတွေလဲ ရှိတယ်။ ရှား ကျွန်တော် ကျောင်းတုန်းက ညံ့ဖျင်းမှုတွေကို မြင်ရင် အံ့ဩနေလောက်မှာ သေချာတယ်။

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Where stories live. Discover now