Chapter 33

2.2K 103 7
                                    

ညသန်းခေါင်နားပင် နီးကပ်နေပြီမို့ ဇန်နဝါရီ၏ ဆောင်းက သိသိသာသာ အေးစိမ့်နေခဲ့သည်။

သူ့မွေးနေ့ပင် ထောင်ရုံးချိန်း‌‌တွေ၌သာ ပြီးဆုံးသွားခဲ့ရတာမို့ သူ အသက်တစ်နှစ်ကြီးလာခဲ့ပြန်ပြီ။ အခုဆို သူ့အသက်က 35 နှစ်သို့တိုင် ချဉ်းနင်းဝင်ရောက်ခဲ့ပေပြီ။

ရှားရှိနေသည့် သူ့လူယုံ၏ ကားနားသို့ ဇေတို့ရောက်ရှိလာတာကြောင့် ဇေ ထိုကလေးကို မြင်ချင်လှပြီမို့ ပြေးဆင်းလာခဲ့ရသည်။ သွန်း နှိပ်စက်လို့ ဘယ်လောက်ထိခိုက်သွားခဲ့လဲပင် ခုန အခြေအနေ၌ သူ မစစ်ဆေးနိုင်ခဲ့တာကြောင့် ကားရှေ့ခန်းက ထိုကလေး ရှိနေသည့် ခုံဖက်ခြမ်းအား အမြန်ဆွဲဖွင့်ကြည့်လိုက်သည်။

ရှားက မေ့ဆေးအရှိန်ကြောင့် အိပ်ပျော်နေဆဲဖြစ်ကာ ထိုကလေးကိုယ်ပေါ် စောင်ပါးတစ်ထပ် လွှမ်းပေးထားတာမို့ ထိုစောင်အား ဇေ ဖယ်ယူလိုက်ပြီး ခန္ဓာကိုယ်အနှံ့အား သေသေချာချာ လှန်လှောစစ်ဆေးကြည့်လိုက်သည်။ ဆိုးဆိုးရွားရွား ထိခိုက်ထားတာ မတွေ့ရမှသာ သူ သက်ပြင်းချနိုင်တော့ပြီး ရှားအား ခုံပေါ်မှ ပွေ့ယူလိုက်တော့၏။

"လေယာဉ်အဆင်သင့်ဖြစ်ပါပြီ ဂိုဏ်းချုပ်"

ဇေ ခေါင်းညိတ်ပြလိုက်ပြီး သူ့ရင်ခွင်ထဲမှ ကလေးအား ငုံ့ကြည့်လိုက်သည်။

"ငါ နှစ်ရက်လောက်တော့ အေးဆေးနားလိုက်ဦးမယ်၊ ဒီကြားထဲ သေရေးရှင်ရေးမဟုတ်ရင် ငါ့ကို မဆက်သွယ်နဲ့တော့"

"စိတ်ချပါ၊ စံအိမ်ကိုလည်း အားလုံးအဆင်သင့်ပြင်ခိုင်းထားပြီးပါပြီ"

မင်းပိုင်စိုးဇေ နှစ်ရက်လောက်တော့ သူ ရှားနှင့်သာ အချိန်ကုန်ဆုံးဖို့ ‌ဆုံးဖြတ်ထားသည်။ ထို့အတွက် ဂိုဏ်းကိုလည်း မပြန်သေးဘဲ သူ ဝယ်ယူထားသည့် လန်ဒန်က သီးသန့်စံအိမ်ကျယ်ဆီသို့ ရှားအား ခေါ်ဆောင်သွားခဲ့သည်။

ထိုကလေးသာ သူ့ကို စိတ်ဆိုးမနေပါက သူနှင့် ယခုလို နှစ်ရက်လောက် တူတူရှိရမည်ဆိုလျှင် ဒီကောင်လေး ဝမ်းသာနေမှာ သေချာပါ၏။ ရှားက သူနှင့်အချိန်ကုန်ဆုံးချင်တတ်သော်ငြား သူကတော့ ထိုကလေးကို တစ်ရက်လောက် အချိန်ပေးနိုင်ဖို့ပင် မအားမလပ်နိုင်ဖြစ်နေခဲ့သည်လေ။ ယခုတော့ သူ ရှားအား သေချာ ချော့မော့နှစ်သိမ့်ရမှာမို့ ဦးနေမင်းလတ်နှင့် ထိပ်တိုက်တွေ့နေရချိန်မှာပင် သူ့အချိန်အားလုံးအား ရှားကိုသာ အပြည့်ပေးဖို့ ဆုံးဖြတ်ခဲ့သည်။

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Where stories live. Discover now