Chapter 11

2.1K 124 0
                                    

ကုတင်ဘေးသို့ ခပ်ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသော ဒေါက်ဖိနပ်သံ မတိုးမကျယ် ခြေလှမ်းများက သတိပြန်ရကာစ ဇေ့အား ပိုစိတ်ပင်ပန်းသွားစေခဲ့သည်။

သူ အရင်ကတည်းက မမဝေနဲ့ ခင်မင်ရင်းနှီးသိကျွမ်းခဲ့ရတာမို့ မမကို သူ ခင်မင်ပါ၏။ သို့သော်ငြား အိမ်ထောင်ပြုဖို့အရေးထက် စီးပွားရေးကိုသာ ပိုစိတ်ဝင်စားခဲ့တဲ့ သူ့အတွက် အချစ်ရေးကို နောက်‌မှာသာ ထားဖြစ်ခဲ့သလို အစ်ကို့အိမ်ထောင်ရေးကို ကြည့်ပြီး သူ အိမ်ထောင်ပြုရမှာကို လန့်သွားတာလည်း ပါသည်။ ချစ်လွန်းလို့ မိဘတွေ သဘောမတူသည့်ကြားက ခိုးပြေးသွားခဲ့ကြသည့် အစ်ကိုရှားဟန်သာနှင့် မမရတီနွယ်တို့၏ အိမ်ထောင်ရေးက ရှားကို မွေးပြီးတဲ့အထိ အမြဲတကျက်ကျက်။

ထို့ကြောင့်ပင် ရှားကို သေချာဂရုမစိုက်နိုင်ကြသည့် အစ်ကိုနှင့် မမကြောင့် သူ အချိန်တော်တော်များများ ထိုလသားအရွယ်လေးအား ထိန်းကျောင်း ချီပိုးပေးခဲ့ရတာ ဖြစ်သည်။ အမြဲတစေနီးပါး ရန်ဖြစ် စကားများနေကြသည့် ထိုလင်မယားကြား သူ ရှားအား နို့ဘူးတိုက်၊ ပုခက်လွှဲ အမြဲလုပ်ပေးခဲ့ရတာမို့ ထိုကလေး စကားစပြောတတ်ချိန်၌ သူ့အား ဒယ်ဒီဟု ထင်သွားသလားပင် မပြောတတ်သော်ငြား ထိုနီတာရဲလေးဆီက ထိုကဲ့သို့ အခေါ်ခံခဲ့ရတာကိုတော့ အလွန်သဘောကျခဲ့မိသည်။

သူ ယခုအရွယ်ထိ အိမ်ထောင်ပြုဖို့ အတွေးမရှိခဲ့တာက ကွေးနေလို့ မဟုတ်တာတော့ သေချာ၏။ အကြောင်းမှာမူ သူ သူ့ထက်ကြီးသော မမများနား နေရတာကို သဘောကျခဲ့ဖူးသလို အခုအရွယ်ထိ ရည်းစားမထားခဲ့ဖူးတာက ယောက်ျားလေးကို စိတ်ဝင်စားနေတာမျိုးကြောင့်လည်း မဟုတ်ခဲ့သောကြောင့်ဖြစ်သည်။

"မောင် သက်သာရဲ့လား၊ မမ မင်းကို ဘယ်လောက်စိုးရိမ်‌နေခဲ့ရလား သိလား။ မောင့်မိဘ‌တွေက မောင် နေကောင်းရင် မင်္ဂလာပွဲလုပ်ဖို့  ပြောထားကြတာကို မမ လက်ခံထားပြီးပြီ။ မြန်မြန်သက်သာအောင်လုပ် မောင်၊ မမ မောင့်ကို နေ့တိုင်း လာပြုစုပေးမယ်"

ဇေ သူ့မျက်လုံးများ ဖွင့်ကြည့်လိုက်ပြီး-

"ဒီကိစ္စကို ကျွန်တော်မှ လက်မခံ‌ရ‌သေးတာ။ ကျွန်တော် လက်ထပ်ဖို့ အဆင်သင့် မဖြစ်သေးဘူး"

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Where stories live. Discover now