Chapter 14

2K 113 1
                                    

စားသောက်ဝိုင်းထဲရှိ လေထုက မိုးခွန်းခတို့ ထွက်သွားသည့်တိုင်အောင် တင်းမာနေဆဲပင် ရှိသေးသည်။

ဒယ်ဒီ့၏ မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများကြား ရှားတစ်ယောက် သူ့ခန္ဓာကိုယ်ကို အနည်းငယ် ကျုံ့ထားလိုက်ပြီး တိုးညှင်းသော အသံငယ်လေးဖြင့်သာ ရေရွတ်လိုက်မိသည်။

"လက်နာနေပြီ"

ထိုတိုးဖျော့ဖျော့အသံလေးကပင် မင်းပိုင်စိုးဇေ၏ စိတ်ကြမ်းစိတ်ရိုင်းများကို သတိပြန်ဝင်သွားနိုင်စေခဲ့တာမို့ သူ ရှား၏ လက်ချောင်းများကို အမြန်ပြန်လွှတ်ပေးလိုက်ပြီး ချော့မြှူလိုက်ရ၏။

"ဆောရီး၊ မင်း အဲ့ကောင်နဲ့ ထပ်ပတ်သက်လို့ကတော့ ဒယ်ဒီ မင်းလက်တွေ ခြေတွေကို ချိုးထားတော့မှာ"

ထိုသားအဖကို ဘယ်လိုမှ သည်းမခံနိုင်တော့သည့် ထိပ်ထားဝေပင် ဝင်ပြောလိုက်ရတော့သည်။

"ကလေးကို ဘာလို့ အဲ့လောက် ဆူနေတာလဲ။ သူက ထောင်ထွက်ပဲကို၊ ဘယ်သူ ကောင်းလဲ မကောင်းဘူးလဲတော့ သားက သူ့အသိနဲ့သူ ခွဲခြားနိုင်မှာပါ"

ထောင်ထွက်ဆိုသည့်နေရာကို ဖိပြောလိုက်မှန်း သိနေသည့် ရှားရတု ထိုအမျိုးသမီးအား စိုက်ကြည့်လိုက်ပြီး-

"အင်း၊ ထောင်ထွက်မို့ မတရားတာမြင်ရင် လက်လောက်နဲ့ပဲ ဖြေရှင်းနေမှာ မဟုတ်ဘူးဆိုတာ နားလည်ထား။ ဒယ်ဒီ့ကိုလည်း ခင်ဗျားလက်ထဲ ပြန်ထည့်မှာ မဟုတ်လို့ လာရာလမ်းအတိုင်း ပြန်ကြွတော့"

"နင်!! မောင် မြင်တယ်နော်၊ အဲ့ကလေးက အကြီးအပေါ် ဘယ်လောက်ရိုင်းသလဲ။ စားချင်စိတ်လည်း မရှိတော့ပါဘူး။ မောင် တစ်ခါတည်း လိုက်ခဲ့တော့။ အန်ကယ်တို့ ဆေးရုံမှာ စောင့်နေကြတာ"

ဇေ တစ်ယောက် ဟိုနှစ်ကောင်ကြောင့် စိတ်ရှုပ်သွားတာမို့ လာချပေးသည့် အစားအသောက်တွေကိုသာ ထိုင်စားနေမိရင်း သားကိုရော မမကိုပါ လျစ်လျူရှုထားလိုက်မိတော့သည်။

"မောင် ထတော့ဆို"

ထိပ်ထားဝေ ထရပ်လိုက်ပြီး သူ့လက်ကိုင်အိတ်ကို ကောက်လွယ်လိုက်ရင်း ဇေ့လက်မောင်းကို ဆုပ်ကိုင်လိုက်ကာ ထရပ်ခိုင်းလာတာကြောင့် ရှားတစ်ယောက် သူ့ဒယ်ဒီအား ထိုမိန်းမအပေါ် ပြတ်ပြတ်သားသား ငြင်းမထုတ်နိုင်တာအား အားမလိုအားမရ ဖြစ်သွားခဲ့သည်။

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Where stories live. Discover now