Extra (1)

2.8K 125 88
                                    

ဆိတ်ငြိမ်ရပ်ကွက်၏ ကျယ်ဝန်းသော ခြံဝင်းကျယ်ကြီးထဲရှိ စံအိမ်ကြီးထဲတွင် နေညိုချိန်အရောက်၌ မီးရောင်စုံများ ဖြိုးဖြိုးဖျက်ဖျက် လင်းလက်လာခဲ့သည်။

ထိုစံအိမ်ကြီး၏ ဧည့်ခန်းထဲ၌မူ ကောင်လေးနှစ်ယောက် ရှိသည်။ နေသွန်းခ၏ ပခုံးထက်ပေါ် မေးတင်ထားရင်း ကိုသွန်း အာရုံဝင်စားနေသည့် ကွန်ပျူတာ မျက်နှာပြင်ထဲသို့ လိုက်ကြည့်နေခဲ့သော မိုးခွန်းခတစ်ယောက် ကွန်ပျူတာကို အချိန်ကြာမြင့်စွာ လိုက်ကြည့်နေမိတာမို့ သူ့မျက်လုံးများပင် မှေးစင်းလုလု ဖြစ်လာခဲ့တာကြောင့် ကိုသွန်း၏ ပခုံးပေါ် သူ့ခေါင်းမှီထားလိုက်မိသည်။

ထို့ကြောင့် ခွန်း၏ ရွှေအိုရောင်ဆံနွယ်များက သွန်း၏ လည်တိုင်တစ်ဝိုက်၌ ကလူကျီစယ်နေသကဲ့သို့ ဖြစ်နေတာကြောင့် နေသွန်းခ သူ့ပခုံးအား ပင့်မြှောက်လိုက်ရင်း ဖယ်လိုက်ရသည်။

"အိပ်ချင်လည်း ငါ့ပေါင်ပေါ် ခေါင်းအုံး အုံးအိပ်ချင်အိပ်၊ မင်းမှီထားတော့ ငါ စာကောင်းကောင်းရိုက်လို့ မရတော့ဘူး"

ခွန်း သူ့အစ်ကိုအား မျက်လုံးစင်းများဖြင့်သာ ကြည့်လိုက်ရင်း ဆိုဖာနောက်ကျောကိုသာ မှီအိပ်လိုက်သည်။ သူတို့နှစ်ယောက်က ငယ်ငယ်ကတည်းက အခုလို ပူးကပ်နေနေကျ။ တစ်ယောက်ကိုတစ်ယောက်ပင် အတွင်းသိ အဆင်းသိ မြင်ဖူးနေကျ။

ရှားရတု ဘွဲ့ရပြီးချိန်၌ ကိုသွန်းက အချိန်အတန်ကြာ လေလွင့်နေရာကနေ ကုမ္ပဏီအလုပ်တွေထဲသို့ အာရုံပြန်စိုက်လာခဲ့ပြီ။ အကြောင်းမှာမူ လုပ်ငန်းခွင်ထဲသို့ ဝင်ရောက်လာပြီဖြစ်သည့် ရှားအား သူကိုယ်တိုင် ကြပ်မတ်သင်ကြားပေးချင်တာကြောင့် လပေါင်းများစွာ ပစ်ထားခဲ့သည့် လုပ်ငန်းခွင်ထဲ ရှားနှင့်အတူ ပြန်လည်ဝင်ရောက်လာခဲ့သည်။

ကိုသွန်း၏ နေ့ရက်တိုင်းက ပုံမှန်အတိုင်းဆို ဒီအချိန်တွေထိ ကုမ္ပဏီ၌သာ ရှိနေတတ်သော်ငြား ဒီကနေ့မှာမူ ရှား နေမကောင်းသေးတာကြောင့် ထိုကောင်လေး အလုပ်မလာနိုင်။ ထို့အတွက် မနေ့က သူ့အဖေ အိမ်စောင့်ပေးပြီး ဒီကနေ့တော့ ကိုသွန်း စောင့်ပေးလျက်ရှိသည်။ ထို့ကြောင့် မိုးခွန်းခပင် နေ့လယ်လောက်ကတည်းက အလုပ်ထဲ၌ ဒီညီအစ်ကိုနှစ်ယောက်မရှိတော့လည်း သူ တစ်ယောက်တည်း ပျင်းလာတာမို့ အိမ်ကပဲ အလုပ်လုပ်လျက်ရှိသည့် ကိုသွန်းဆီ လာကပ်နေနေမိခြင်းဖြစ်သည်။

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ