Chapter 8

2.3K 133 14
                                    

သုံးခွက်ထဲနဲ့ စားပွဲပေါ် မှောက်နေပြီဖြစ်သော ရှားကို ကြည့်ရင်း နေသွန်းခ နှုတ်ခမ်းတွန့်ပြုံး ပြုံးလိုက်မိသည်။

ထို့နောက် ခွန်းအား သူတို့နားက ခဏရှောင်နေဖို့ ‌အချက်ပြလိုက်ရင်း ဒီကောင်လေးက ခွန်းကိုတော့ သူ့ထက်ပိုခင်မင်ပုံရနေတာအပေါ် သူ သိပ်ကြည်မနေတော့။ ရှားက အခမ်းအနားပွဲမှာ စတွေ့ကတည်းကနေ အခုချိန်ထိ သူ့ကို သဘောမကျသလို ခံစားနေရတာက ကောင်လေးတိုင်းကို တူတူနေပြီးရင်တောင် ချေမိုးနေကျ သူ့အတွက် ခံရခက်ခက်။

ခွန်း အစ်ကို့အား ခေါင်းညိတ်ပြလိုက်ရင်း ရှား၏ ပခုံးစွန်းပေါ် လက်တင်ပြီး အသာလှုပ်နှိုးလိုက်ကာ-

"အစ်ကို အနောက်မှာ ဆေးလိပ်သွားသောက်လိုက်ဦးမယ်၊ မင်း နေလို့မကောင်းရင် ကိုသွန်းကို ပြောနော်"

ရှား ခေါင်းညိတ်ပြလိုက်ပြီး သူ့ဘေးထိုင်ခုံ၌ လူပြောင်းသွားတာကြောင့် ခွန်းသွားရာနောက်ကို ရီဝေဝေမျက်ဝန်းများဖြင့် လိုက်ကြည့်နေမိရင်း အမူးအနည်းငယ် ပြန်ပြေလာခဲ့သည်။ သို့သော်ငြား အဖျားရှိန်ကြောင့် ခေါင်းမထိန်းနိုင်သေးသလို ဖြစ်နေခဲ့ကာ ထိုင်ခုံပေါ်၌ ယိမ်းထိုးနေ‌တာကြောင့် နေသွန်းခ ထိုကောင်လေးအား ထိန်းဖက်လိုက်ပြီး သူ့ပခုံးပေါ် ပြောင်းမှီစေလိုက်၏။

"မင်းက သိပ်မသောက်နိုင်ဘူးထင်တယ်၊ အဆင်မပြေတော့ရင် ကိုယ့်အိမ်လိုက်ခဲ့လေ၊ ထ၊ ကိုယ် ထိန်းပေးမယ်"

သူ ထိုလူ့ ထိကိုင်မှုကို မသတီတာမို့ သူ့ခေါင်းသူ ချက်ချင်းပြန်ထူလိုက်ရင်း ခေါင်းခါပြလိုက်ကာ ဆိုဖာနောက်မှီပေါ် ပြန်ပြောင်းမှီလိုက်ရသည်။ သူ မူးနေတာမဟုတ်ဘဲ အဖျားပြန်တက်လာပုံရတာမို့ အခုအခြေအနေနဲ့တော့ ဦးနေမင်းလတ်နဲ့လည်း ရန်ပြိုင်မဖြစ်ချင်သေး။

ထို့အတွက် သူ အိမ်ပဲပြန်ချင်လာကာ အိပ်ရာထဲ ပြန်လှဲချင်နေတာကြောင့် အခုချိန် ဒယ်ဒီ့ကို လာခေါ်စေချင်သော်လည်း သူ ဒယ်ဒီ့ဖုန်းနံပါတ်ကို မသိပေ။

ထို့ကြောင့် လက်မှနာရီကို တစ်ချက်ကြည့်လိုက်ရင်း-

"ကျွန်တော့်ကို ဒယ်ဒီ့ကုမ္ပဏီဖက်ပဲ ပြန်ပို့ပေးခဲ့ရင်ရပြီ။ သူ အခုချိန်ဆို အလုပ်မှာပဲ ရှိဦးမှာ"

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Where stories live. Discover now