Chapter 24

1.9K 102 0
                                    

ဆေးရုံကော်ရစ်ဒါတလျှောက်၌ လူနာဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသား၏ ဆွဲခေါ်ရာနောက်သို့ တရွတ်တိုက်နီးပါး ပါလာရသော ဆွယ်တာအဖြူရောင်နှင့် ကောင်လေးတစ်ယောက်ရှိသည်။

ရှားရတု သူ့ဒယ်ဒီ သူ့အား အခန်းထဲမှ ဆွဲခေါ်ထုတ်လာရာနောက်သို့ လိုက်ပါလာခဲ့ရတာမို့ သူ့လက်ကောက်ဝတ်ကို ဒယ်ဒီ့လက်ချောင်းများကြားထဲမှ ဆွဲထုတ်နေမိပြီး သူ့အသားတွေက နာကျင်နေဆဲမို့ ထိုကဲ့သို့ ဆွဲခံရတာက သူ့အား မသက်မသာဖြစ်နေစေသည်။

"ကျွန်တော့်အသားတွေ နာနေသေးတယ်၊ အတင်းမဆွဲနဲ့၊ လိုက်မယ်"

ဇေ ထိုကလေးအား အလျော့မပေးဘဲ ကော်ရစ်ဒါ ထောင့်ချိုးနားထိ ဆွဲခေါ်လာခဲ့ကာ လှေကားဖြင့် အတက်အဆင်းပြုလုပ်နိုင်သည့် တံခါးအား ဖွင့်လိုက်ပြီး ရှားအား သူ့ရှေ့ အရှိန်ဖြင့် ဆောင့်ဆွဲယူလိုက်သည်။ ထို့နောက် တံခါးနောက်ကျောဖြင့် ထိုကလေး၏ ကျောပြင်အား ဖိကပ်လိုက်ကာ ရှား၏ လည်တိုင်ပေါ် သူ့လက်ချောင်းများ တင်လိုက်ရင်း ဖျစ်ညှစ်လိုက်သည်။

"မင်း ငါ့ကို လိမ်နေတာမလား၊ ဒီ‌နေရာမှာ မသေသွားချင်ရင် အမှန်အတိုင်းဖြေ၊ ငါ ဘာလို့ မင်းနဲ့တူတူအိပ်ရမှာလဲ"

သူ့လည်တိုင်ပေါ်မှ ဒယ်ဒီ့လက်ချောင်းများကို ဆွဲဖြုတ်နေရင်း သူ အဆုံးထိ ဆက်သွားဖို့ ဆုံးဖြတ်ထားတာကြောင့် မျက်တောင်တစ်ချက်မခတ်ဘဲ ထပ်လိမ်ပြောလိုက်ရသည်။

"ဒယ်ဒီ ကျွန်တော့်ကို အဲ့လို မတရားမလုပ်နဲ့၊ ဒယ်ဒီ့ဘာသာမေ့နေတာလေ၊ တာဝန်မယူချင်တာနဲ့ ကျွန်တော့်ကို သတ်ဖို့တောင် လုပ်ချင်တယ်ဆို သတ်လိုက်။ ကျွန်တော် ဒယ်ဒီ့အောက်မှာလည်း နေခဲ့ရသေးတာကို ဒယ်ဒီ ပစ်ထားတာလည်း ခံရသေးတယ်။ အမြဲ ကျွန်တော်ကပဲ နစ်နာနေရတယ်"

ရှား၏ ပါးပြင်တစ်ခုလုံးက သူ့ညှစ်အားကြောင့် နီရဲလာခဲ့သော်လည်း ထိုကောင်လေးက သူ့အား အမူအရာမပျက် ချေပလာတာမို့ ဇေ သူ တကယ်ပဲ ထိုအရာကို လုပ်ခဲ့သလို အပြစ်ရှိစိတ်ပင် ပေါ်လာခဲ့တာကြောင့် ရှား၏ လည်တိုင်ပေါ်သာ သူ့ခေါင်းမှောက်ချလိုက်ရင်း အသက်ပြင်းပြင်း ရှူလိုက်မိတော့သည်။

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Where stories live. Discover now