Chapter 5

2.9K 143 4
                                    

ကုမ္ပဏီ၏ အပေါ်ဆုံးထပ်ရှိ လျှောက်လှမ်းကျယ်၌ သူ့ဖုန်းကို ကြည့်ရင်း မျက်‌မှောင်များကို အလိုမကျစွာ တွန့်ချိုးထားသော ရွှေအိုရောင်ဆံပင်များနှင့် ကောင်လေးတစ်ယောက် သူ့ဖုန်းထဲက အရှုပ်တွေကို သွားဖြေရှင်းရန် ဓာတ်လှေကားရှေ့ အမြန်လျှောက်လာခဲ့သည်။

ထိုရှေ့၌ ဆွယ်တာအညိုရောင် ဝတ်ဆင်ထားသည့် နေ့လယ်က ကောင်လေး တစ်ယောက်တည်း ရပ်စောင့်နေတာကို တွေ့လိုက်ရတာကြောင့် ဘေးချင်းကပ်ရပ် ရပ်လိုက်ရချိန်၌ ခွန်း နှုတ်ဆက်လိုက်ရ၏။

"ပြန်တော့မလို့လား"

ရှားရတု သူ့ဘေးကလူကို အမြန်လှည့်ကြည့်လိုက်ချိန် ခုန အစ်ကိုဖြစ်နေတာမို့ ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်ပြလိုက်ရကာ သူ ဒီအစ်ကို့ကို စတွေ့ကတည်းက ဘယ်လို သဘောကျလို့ကျမိမှန်းကို မသိဖြစ်နေတာကြောင့် ထိုအစ်ကို့အား ဆိုင်မှာ ချပြထားသည့် အရုပ်လေးကို လိုက်ကြည့်နေမိသလိုမျိုး ဓာတ်လှေကား မပွင့်လာခင်တလျှောက်လုံး ခဏခဏ လှည့်ကြည့်နေမိသည်။

သူက တစ်ဦးတည်းသောသားဖြစ်ခဲ့တာမို့ ငယ်ငယ်ကတည်းက သူ့ထက် အကြီးတစ်ယောက် လိုချင်ခဲ့ဖူးသည်။ သူ့မှာ ဒီလိုအစ်ကိုတစ်ယောက်သာ ရှိနေခဲ့ရင် အခုလို မိဘတွေ မရှိတော့ချိန်၌ သူ အခုလို တစ်ယောက်တည်း အထီးမကျန်ရဘဲ အားကိုးစရာ အဖော်ရှိမှာပင်။

သူ့အား ကွက်ကြည့်ကွက်ကြည့်လုပ်နေသော ကောင်လေးကြောင့် ခွန်းတစ်ယောက် သူ့ဖုန်းမျက်နှာပြင်မှ သူ့မျက်နှာကို မသိမသာ ကြည့်လိုက်မိသွားပြီး-

"ကိုယ့်မျက်နှာမှာ တစ်ခုခု ပေနေလို့လား"

ရှား အမြန် ခေါင်းခါပြလိုက်ရင်း-

"အစ်ကိုက အရမ်းချောတာပဲ"

မိုးခွန်းခ ထိုကောင်လေး၏ ပွင့်လင်းစွာ ဒဲ့တိုး ချီးကျူးလာမှုကြောင့် စိတ်ရှုပ်နေတာတွေပင် ပျောက်သွားခဲ့ပြီး ပြုံးလိုက်မိသွား၏။ ထို့နောက် သူ့ဘေးက ကောင်လေးအား အခုမှသာ သေချာအကဲခတ်ကြည့်လိုက်မိပြီး-

"မင်းလည်း အရမ်းချောပါတယ်"

"သိတယ်၊ ဒယ်ဒီကလည်း အဲ့လိုပြောတယ်"

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Tempat cerita menjadi hidup. Temukan sekarang