Chapter 7

2.4K 130 0
                                    

အောက်တိုဘာလကုန်ခါနီး ဆောင်းမနက်ခင်းက နှင်းမှုန်များ မကျဆင်းသော်လည်း အေးမြနေသည်။ စံအိမ်ကျယ်ကြီးထဲ၌တော့ ကိုယ့်အပူနှင့်ကိုယ် ဗျာများနေကြသော လူလေးယောက်ရှိ၏။

မင်းပိုင်စိုးဇေ သူ့အား ကုပ်တွယ်ထားကာ အတင်းလိုက်ပွတ်သပ်နေသော ရင်ခွင်ထဲက ကောင်လေးအား ပခုံးမှ အမြန်ထိန်းကိုင်ထားလိုက်ရင်း သူ့မိခင် ရှားအား အနီးကပ် ရန်ရှာမလာခင် အခန်းထဲ အရင် သွားသိပ်ဖို့ လုပ်ရသည်။

သူ့အခန်းဖက်ဆီ ပြန်တွန်းပို့လာသော ဒယ်ဒီ့ကြောင့် မီးဖိုချောင်က အောက်မှာပဲ ရှိတာမို့ ရှား ထိုနေရာ၌သာ အတင်း ခိုကပ်နေလိုက်၏။

"ဗိုက်ဆာတယ်၊ အောက်သွားမယ်"

"ဒယ်ဒီ ပြီးရင် မှာပေးမယ်လေ၊ အခန်းထဲ အရင်ပြန်သွားအိပ်ရအောင်"

သူ့လက်မောင်းကို မှီတွယ်ထားကာ ဆွဲခေါ်လို့မရအောင် ခိုထားတာမို့ ဇေ ထိုကောင်လေးအား ခါးမှ ဆွဲမပြီး ‌ကြမ်းပြင်မှ ကြွလာအောင် လက်တစ်ဖက်ထဲနှင့် ပင့်မြှောက်လိုက်ပြီး အခန်းထဲ ဆွဲသွင်းရတာမို့ ရှားတစ်ယောက် ဒယ်ဒီ့လက်မောင်းကြားထဲ၌ တရွတ်တိုက်နီးပါး ပါလာရတော့သည်။

"ဟော့‌ဒေါ့နဲ့ ရေခဲချောင်း စားချင်တယ်"

ထိုမြင်ကွင်းက ဇေ၏ မိဘနှစ်ပါးကို သွေးတက်သွားစေတာမို့ ဦးမြတ်မင်းဟန်နှင့် ဒေါ်စိုးစံသာတို့ ဒေါသပိုထွက်သွားခဲ့ကာ သူတို့အိမ်ရိပ်ထဲ ဝင်နေရဲသေးသည့် ဂြိုလ်ဆိုးကောင်အား နှင်ထုတ်ပစ်ဖို့ ထိုအခန်းကို ဆွဲဖွင့်လိုက်သည်။

သို့သော်ငြား အထဲကနေ လော့ချထားတာကြောင့် ဦးမြတ်မင်းဟန် တောက်တစ်ချက် ခပ်ပြင်းပြင်း ခေါက်လိုက်မိ၏။ ထို့နောက် သူ့အမျိုးသမီးနဲ့အတူ ‌အောက်ပြန်ဆင်းစောင့်ရင်း ဇေ့အား ဆူပူကြိမ်မောင်းဖို့အတွက် ဧည့်ခန်းထဲ၌ အသင့်ထိုင်စောင့်နေကြသည်။

ဇေ လွန်စွာ စိတ်ရှုပ်နေသည်။ သူနဲ့ သိပ်အစေးမကပ်သည့် ထိုကလေးက ဖျားနေချိန်တော့ သူအား ကိုအာလာဝက်ဝံတွေကဲ့သို့ ကပ်တွယ်လွန်းနေတာကြောင့် သူ့အဝတ်တွေပါ ဖရိုဖရဲ ဖြစ်ကုန်ရတဲ့အထိ။ ဒီကောင်လေးက အခုနေမှ တစ်ခုခု မစားရရင် သူ့အသားကို စားလို့ရရင်တောင် စားချင်နေပုံရသည့်အထိ ဂျီကျနေတာကြောင့် သူ စိတ်ညစ်လာသည်။

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Where stories live. Discover now