Chapter 34

2.4K 97 6
                                    

ဦးနေမင်းလတ် နေထိုင်ရာ ရန်ကုန်ရှိ စံအိမ်ကျယ်ကြီးထဲ၌ မိုးခွန်းခ၏ ဖခင်ဖြစ်သည့် ဦးမိုးသျှံပင် ကုမ္ပဏီကို ကိုယ်တိုင် မဦးစီးနိုင်တော့လျက်ရှိကာ အချိန်ပြည့် ဒီစံအိမ်၌ ဖုန်းလာစောင့်မျှော်နေ၏။

သူ့သားကို ပြန်ရဖို့အတွက်ဆို သူ ရှာခဲ့သမျှ စည်းစိမ်အကုန် ဇေ့ကို ပေးရမည်ဆိုလည်း ဝန်မလေးနိုင်သည့်အထိ သူ့တစ်ဦးတည်းသောသားလေးအတွက် ရင်ပူနေလျက်ရှိသည်။

ဦးနေမင်းလတ်ဖက်မှလည်း ထိုနည်းနှင်နှင်ပါပင်။ ဥပဒေအထက်မှာ ရှိခဲ့တဲ့ကောင်ဟု သူ့ကိုယ်သူ ဟစ်ကြွေးခဲ့သမျှက ယခုတော့ သူ့သားနှစ်ယောက်လုံး ပါသွားခဲ့တာကို ဘာလုပ်ရမလဲမသိဘဲ ဒီအတိုင်း ထိုင်စောင့်နေကြရသည်။ သားတွေ၏ အသက်အန္တရာယ်ကို စိုးရိမ်တာမို့ သူ ဘယ်အရာကိုမှ ရမ်းသမ်းမလုပ်ရဲရှိနေသည်။

ထိုစဉ် သူ့ထံသို့ နံပါတ်စိမ်းဖုန်းဝင်လာတာကြောင့် ကြည့်လိုက်ချိန် နိုင်ငံခြားဖုန်းပင် ဖြစ်နေတာမို့ သူ ထိတ်ခနဲ ဖြစ်သွားစွာ ကိုင်လိုက်ရသည်။ ဦးမိုးသျှံပင် ဇေ့ဆီကဆို စပီကာဖွင့်ပေးဖို့ တောင်းဆိုနေမိသည်။

"ဟုတ်ကဲ့၊ အမိန့်ရှိပါ"

"ပါး ကျွန်တော့်ကို ကယ်ပါဦး!! ကျွန်တော် မှားသွားပါတယ်၊ နောက်ဆို လိမ်မာမှာမို့ အစ်ကို့ကိုပဲ ကယ်ပြီး ကျွန်တော့်ကို ပစ်မထားခဲ့ပါနဲ့"

"ရှား သားလေး မကြောက်နဲ့နော်၊ ပါး သားကို ပစ်ထားခဲ့စရာလားကွာ၊ သားကိုပါ ရအောင်ကယ်မှာ စိတ်ချ။ အခု သား ဘယ်ရောက်နေတာလဲ သိလား"

"မသိဘူး၊ ကျွန်တော့်ဘေးမှာ အစ်ကိုလည်း မရှိဘူး၊ အ့. . .အား၊ နာတယ်၊ မလုပ်နဲ့"

ဦးနေမင်းလတ် ခေါင်းမွှေးများပင် ထောင်သွားခဲ့ကာ အခုနေ ဖုန်းထဲကနေ သူ့သားငယ်ကို မရမက ဆွဲထုတ်လိုက်ချင်စိတ်ပင် ဖြစ်လာတာမို့ ထိုင်မရ ထမရ ဖြစ်နေခဲ့ချိန် ဇေ့အသံကို ကြားလိုက်ရသည်။

"သေချင်နေပြီ ဒီဟာလေးကတော့"

"အား. . .ပါး ကျွန်တော့်ကို ကယ်ပါ"

"ဇေ မင်း ဘာလိုချင်တာလဲ၊ ငါ မင်းရှေ့ ဒူးထောက်လည်း တောင်းပန်နိုင်တယ်ကွ။ ငါ့သားကို မနှိပ်စက်နဲ့တော့။ မင်း မြန်မာပြည်မှာပါ အခုလို ခြေရာဖျောက်စရာမလိုဘဲ နေနိုင်အောင်ထိ ငါ လုပ်ပေးနိုင်တယ်၊ ဒီအမှု တစ်ခါမှ မဖြစ်ခဲ့သလိုထိ လုပ်ပေးနိုင်တယ်ကွ။ လုပ်စမ်းပါ၊ မင်းတို့တွေ ငါ တစ်ယောက်လုံး အသက်ရှင်ရက်ရှိနေတာကို ဘာလို့ ငါနဲ့ တိုက်ရိုက်မရှင်းကြဘဲ ရှားကိုပဲ ဒုက္ခပေးနေကြတာလဲဟ"

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Where stories live. Discover now