Chapter 32

2.1K 101 6
                                    

"ဒယ်ဒီ!! ကယ်ပါဦး"

ဦးနေမင်းလတ်၏ စံအိမ်ထဲ၌ ထိုအသံကသာ လွှမ်းခြုံနေလေသည်။

ထိုကဲ့သို့ သောင်းကျန်းအော်ဟစ်ကာ ရုန်းကန်ပြီး ကန်ကြောက်နေတာကြောင့် နေသွန်းခ စိတ်မရှည်ဖြစ်လာခဲ့သည်။ သူ့စိတ်က ပုံမှန်အခြေအနေ သိပ်မဟုတ်သေးတာမို့ ယခုလို ဆူညံနေတာက သူ့အား ဒေါသထွက်လာစေကာ သူ့မျက်စိထဲ၌ စွဲထင်နေဆဲပုံရိပ်ဖြစ်သည့် အပြုအမူတစ်ခုအား သူ့အောက်က ကောင်လေးကို ပြုကျင့်နေတော့သည်။

ထို့ကြောင့် ခေါင်းအုံးနှင့် သူ့မျက်နှာ‌ပေါ် အဖိခံထားရသည့် ရှားအတွက် အော်လည်း မအော်နိုင်တော့ဘဲ အသက်သာ လုရှူနေရတော့သည်။

"ထပ်အော်ရင် ငါ မင်း ပါးစပ်ထဲက သွားတွေကိုပါ ချိုးပစ်တော့မှာ"

နေသွန်းခ သူ့လက်ထဲက ခေါင်းအုံးအား ပြန်ဖယ်လိုက်ကာ စီးကရက်မီးကို ပြန်ယူလိုက်ရင်း ငယ်ငယ်တုန်းကလို သူ့အမှတ်အသားမှန်း သိသာစေမည့် တံဆိပ်များအား မည်သည့်နေရာ၌ ထပ်မံ ရိုက်ခတ်ရမလဲဆိုတာအား နေရာ ရွေးချယ်နေမိသည်။

ထို့ကြောင့် ထိုစီးကရက်မီးက ရှား၏ မျက်နှာနားတစ်ဝိုက်ထိပင် ဝေ့ဝဲနေချိန် ရှားခမျာ ထိုအရာအား မလန့်နိုင်တော့ဘဲ အသက်ရှိုက်ရှူနေရဆဲ။

"ကိုယ့်အရုပ်လေးရဲ့မျက်နှာလေးက အရမ်းလှတော့ မျက်နှာကိုတော့ ချမ်းသာပေးလိုက်မယ်။ ကြောက်စရာမျက်နှာချည်းဖြစ်သွားရင် ကိုယ် ထပ်ဆော့ချင်တော့မှာ မဟုတ်ဘူး"

ထိုမြင်ကွင်းအား ဦးနေမင်းလတ် သူ့အိပ်ခန်းထဲရှိ အိပ်ရာထက်၌ ကျောမှီထားရင်း သူ့ရှေ့က  CCTV မျက်နှာပြင်ကတဆင့် ကြည့်ရှုနေခဲ့သည်။

သွန်း၏ အခန်းထဲ၌ ယခုလို CCTV တပ်ထားခဲ့ရသည်မှာ ဦးနေမင်းလတ်အတွက် သူ့သားကြီး ရှားအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုမျိုးတော့ မပြုလုပ်အောင် စောင့်ကြည့်ချင်လို့ပင်။

သူ့သား ခြေလွန်လက်လွန် မဖြစ်အောင်လည်း ယခုလို ကြည့်နေရခြင်းဖြစ်၏။ သူ သွန်းအား ဘာမဆို ခွင့်ပြုထားခဲ့၏။ ခွန်းနှင့်အတူ ကောင်လေးတွေနဲ့ ဇယားရှုပ်နေတာလည်း လျစ်လျူရှူထားခဲ့၏။ သူ့သားအား အလိုလိုက်ထားခဲ့သော်ငြား အရင်ကတည်းက ရှားနှင့်တော့ မဖြစ်သင့်တာမဖြစ်အောင် လိုက်ထိန်းခဲ့ရသည်မှာ ယခုဆို ရှားက သူ့သားအရင်းဖြစ်နေချိန်၌ သူ ပိုလို့ပင် သတိထားရသည်။ ယခုတောင် ရှားကို အပိုးကျိုးအောင် ပညာပြချင်လို့ရယ်၊ သူ့သား စိတ်အဆင်ပြေအောင်ရယ်အတွက် လွှတ်ထားခဲ့ရတာပင်။

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Where stories live. Discover now