Chapter 36

2.7K 91 2
                                    

မင်းပိုင်စိုးဇေ၏ ရင်ခွင်ထဲ၌ ကလေးကဲ့သို့ ရှိုက်ကြီးတငင် အော်ငိုနေသော ရှားကြောင့် ဇေနှင့် ဆံနွယ်ရှည်များအား နောက်၌ အကုန်စုချည်ထားသည့် ထိုလူတို့ မျက်လုံးဖြင့်သာ အချိန်းအချက်ပြုလိုက်ရင်း ကားကို ပြန်လှည့်လိုက်တော့သည်။

ကား၏လားရာ ပြောင်းသွားမှသာ ရှား တိခနဲ တိတ်သွားကာ-

"မဟုတ်ဘူး၊ ကျွန်တော် မလိုက်သွားချင်ပါဘူး။ ဒယ်ဒီနဲ့ပဲ နေမှာ"

ဇေ ထိုကလေး၏ နှာရည်များကိုပင် လက်နဲ့ညှစ်သုတ်ပေးလိုက်ရသည်။

"စိတ်ချပါ၊ ဒယ်ဒီ မင်းကို မထားခဲ့ပါဘူး။ ဒါပေမဲ့ ပြဿနာတွေ၊ စိတ်ဒဏ်ရာတွေကို အခုလို ရှောင်ပြေးလိုက်လည်း မင်း စိတ်ချမ်းသာရမှာ မဟုတ်ဘူး။ မင်း သူ့ကို မကျေနပ်ဘူးဆိုရင် ကြိုက်တာ သွားပြောပြီးမှ ပြန်တက်လာခဲ့။ မင်း တစ်ခါမှ သူ့ကို အဲ့လိုမပြောခဲ့ရဘူးမလား"

ဇေ စကားဆုံးသည်နှင့် ဒူးထောက်ရက် ထိုနေရာ၌ လဲကျကျန်နေခဲ့သည့် နေသွန်းခနား သူတို့ကား ပြန်ရောက်လာခဲ့သည်။

ထို့ကြောင့် ရှား ထိုလူ့အား မကျေနပ်သမျှ ပြောပစ်ဖို့ ဆင်းသွားခဲ့ချိန် ဇေ သူ့လူတွေအား ခွန်းနှင့် ဦးနေမင်းလတ်ကို ဆေးရုံခေါ်သွား‌တော့ဖို့ မှာလိုက်ရင်း သူပါ ရှားနောက် လိုက်ဆင်းသွားခဲ့သည်။

သူ့ထံ ပြန်ပြေးလာသော ရှားကို မြင်လိုက်ရသည့် နေသွန်းခ အမြန်ပြန်ထရပ်လိုက်ကာ ရှား ဘာမှမပြောနိုင်လိုက်သေးခင်ပင် သူ့ရင်ခွင်ထဲ၌ တင်းကျပ်စွာ သိုင်းဖက်ထားလိုက်ရင်း သူ ရှား၏ ကျောနှင့် ခေါင်းလေးအား သူ၏ ညစ်ပတ်ပေရေနေသည့် လက်များဖြင့် ပွတ်သပ်ပုတ်ချော့နေခဲ့တော့သည်။

"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်။ ကိုကို မင်းအပေါ် တကယ် အမှားတွေ လုပ်ခဲ့မိပါတယ်။ အခုလည်း မင်းကို မကာကွယ်နိုင်ခဲ့လို့ တကယ် တောင်းပန်ပါတယ်"

သူ ‌ရှားနောက်က ဇေ့အား လှမ်းကြည့်လိုက်ရင်း ပုံမှန်စိတ် ပုံမှန်အခြေအနေနဲ့သာဆို သူ ထိုကောင့်အား ပိတ်ကန် ပိတ်ထိုးမိတော့မှာ ဖြစ်သော်လည်း ယခုချိန်၌ သူ အခုလို မတ်မတ်ရပ်ဖို့ပင် ရှိသမျှ အတွင်းအား အကုန်သုံးထားရသည့် အခြေအနေမို့ သူ ဇေ့အား အသနားခံသည့် အကြည့်များဖြင့်သာ ဖျော့‌တော့စွာ ကြည့်နေမိရင်း သူ ရှားကိုလည်း လွတ်မထွက်သွားအောင်၊ သူ့လက်ထဲမှ ပြန်ဆွဲထုတ်သွားလို့ မရတော့အောင် နောက်ဆုံးလက်ကျန်အား အကုန်သုံးပြီး ဖက်တွယ်ထားခဲ့သည်။

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Where stories live. Discover now