Chapter 23

2K 108 1
                                    

ဆေးရုံအနံ့အသက်များ ၊ အငွေ့အသက်များ လွှမ်းခြုံရာနေရာနှင့် အနည်းငယ် ကင်းလွှတ်သယောင်ရှိသည့် ဆေးရုံအောက်ထပ်က စား‌သောက်ဆိုင်ထဲ၌ မနက်စာကို ဖြည်းညှင်းသက်သာစွာ ထိုင်စားနေသည့် အနောက်တိုင်းဆန်ဆန် ခေတ်မီလှပစွာ ပြင်ဆင်ထုံးဖွဲ့ထားသည့် အမျိုးသမီးတစ်ဦးရှိသည်။ ထိုအမျိုးသမီး၏ ဘေး၌ မျက်ဝန်းညိုများဖြင့် မြန်မာလူမျိုးကြားထဲ၌ ထူးဆန်းသော မျက်ဆံအရောင်ရှိသည့် သူ့သွင်ပြင်မှာ တည်ကြည်၍ သူ့မျက်နှာက အလွန်ချောမောခန့်ညားသည်ဟု သတ်မှတ်နိုင်သည့် အမျိုးသားတစ်ဦးရှိသည်။

ထိုအမျိုးသားမှာမူ လူနာဝတ်စုံကို ဝတ်ဆင်ထားကာ ဒီဇင်ဘာမနက်ခင်း၏ အေးမြနေသည့် ရာသီဥတု သူ့ထံ မသက်ရောက်စေရန်အလို့ငှာ ခပ်ထူထူ အနွေးထည် တစ်ထပ်ကို အပေါ်မှ ထပ်ဝတ်ဆင်ထားသည်။

"မောင် တကယ် ဘာမှမစားပါလား"

ဆယ့်ငါးမိနစ်ခန့်ကြာပြီးချိန်၌ ထိပ်ထားဝေပင် သူ့အစားအသောက်များ စားလို့ ပြီးစီးတော့မည် ဖြစ်သော်ငြား ထိုအမျိုးသားကတော့ သူ့ရှေ့က ကော်ဖီခွက်ကိုပင် ထိတွေ့ခြင်းမရှိသေး။

"အစ်ကို မှာထားတာ ရပါပြီ"

ဇေ ခေါင်းညိတ်ပြလိုက်ကာ စားပွဲထိုးကောင်လေး လက်ထဲမှ အထုပ်ကို လှမ်းယူလိုက်သည်။ ထို့အတွက် ဝေတစ်ယောက် ဇေ ဘာများ ထပ်မှာထားသလဲဆိုတာ အံ့အားသင့်သွားမိသည်။

ဇေ သူ့ခပ်လှမ်းလှမ်းမှ သက်တော်စောင့်များကို အချက်ပြလိုက်ကာ သူ့နား လှမ်းခေါ်လိုက်ပြီး မျက်နှာချင်းဆိုင်မှ မမအား-

"မမ ဖြည်းဖြည်းဆက်စားလိုက်ပါဦး၊ ဒီဝိုင်းကို ကျွန်တော် ရှင်းခဲ့ပြီးပြီ။ ကျွန်တော် တကယ် စားချင်စိတ်မရှိသေးလို့ ပါဆယ်ပဲ ထုပ်သွားတော့မယ်။ အားနာပေမယ့် တက်နှင့်ပါရစေ"

မမ၏ စကားပြန်ကို မစောင့်တော့ဘဲ ဇေ သူ့ပါဆယ်ထုပ်အား ပေါင်ပေါ်တင်လိုက်ကာ သူ့လူတွေအား တွန်းတော့ဖို့ လက်ဟန်ပြုလိုက်သည်။

ထို့သို့ ရိုင်းစိုင်းသည်ဟု မမြည်နိုင်သော်လည်း ဖော်ရွေခြင်းအလျင်းမရှိသည့် ဇေ့အပြုအမူကြောင့် ထိပ်ထားဝေ သူ့လက်ထဲမှ ဇွန်းအား ခပ်ပြင်းပြင်း ဆောင့်ချလိုက်မိသွားခဲ့သည်။ ဒီဆယ့်ငါးမိနစ်လုံးလည်း သူကသာ အရူးတစ်ယောက်လို စကားလိုက်ပြောနေရကာ သုံးဆယ်‌ကျော်နေသော်လည်း သူ့လို လှပပြီး ချမ်းသာသည့် မိန်းကလေးကို လိုချင်သူ အရွယ်မရွေး ဝိုင်းဝိုင်းလည်နေတာကို ဒီအမျိုးသားကတော့ သူ့အား သိမ်ငယ်အောင်၊ ဒေါသထွက်အောင် အကြိမ်ကြိမ် ပြုမူနေသည်။

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Donde viven las historias. Descúbrelo ahora