Chapter 22

2K 107 3
                                    

ဆေးစစ်မှုများ ပြုလုပ်ပြီး ပြန်လာပြီဖြစ်သည့် မင်းပိုင်စိုးဇေတစ်ယောက် သူ့အခန်းရှေ့၌ ဆောင့်ကြောင့်ထိုင်နေသည့် ကောင်လေးတစ်ယောက်အား မြင်လိုက်ရတာမို့ မျက်ခုံးတန်းများ တွန့်ချိုးလိုက်မိသည်။

ထိုကောင်လေးက ခုန ပေးခဲ့သည့် ကုတ်အား သူ့လူနာဝတ်စုံပေါ်၌ အကျအန ထပ်ဝတ်ထားပြီး ဆေးရုံကြမ်းပြင်ပေါ်၌ သူ့လက်ချောင်းများဖြင့် လျှောက်ခြစ်နေရာမှ သူ့အား လှမ်းကြည့်လာသည်။

ရှားရတု ဒယ်ဒီပြန်ရောက်လာပြီမို့ ဒယ်ဒီ့နား ထလျှောက်လာခဲ့မိပြီး ဒယ်ဒီ့ခပ်လှမ်းလှမ်း၌ ရပ်လိုက်ကာ ဒီဇင်ဘာဆောင်းက သူ့အား ပွေ့ဖက်နှုတ်ဆက်နေပြီမို့ ရှား ဒယ်ဒီ့ကုတ်အား လက်နှစ်ဖက်ဖြင့်ပါ ဆွဲစိထားလိုက်ရသည်။ ထို့‌နောက် မျက်လွှာချထားရင်း မတိုးမကျယ် ဆိုလိုက်မိသည်။

"ကျွန်တော် ဗိုက်ဆာလို့"

တွန့်ချိုးထားသည့် ဇေ့၏ မျက်ခုံးများပင် အနည်းငယ် အံ့ဩမှုကြောင့် လားရာပြောင်းကာ ပင့်တက်သွားခဲ့သည်။

ဗိုက်ဆာတာ သူ့ကို လာပြောရအောင် သူက ထမင်းဆိုင်ပိုင်ရှင်လည်းမဟုတ်သလို ထမင်းချက်လည်းမဟုတ်။

"ဗိုက်ဆာတာ ဒီလာပြောတော့ ဘာလုပ်ပေးရမှာလဲ"

ရှား၏ မျက်တောင်များ ပိုလို့ပင် စင်းကျသွားခဲ့၏။ သူ့အား မနက်ကတည်းက ထားသွားသည့် သွန်းက ခုနကမှ ပြန်လာတာမို့ သူ တစ်နေ့လုံး ဘာမှမစားထားရသေးသလို သွန်း ဝယ်လာပေးသည့် ညစာကိုတော့ သူ မစားချင်တော့ပေ။ သွန်းဆီက ဆေးရုံစရိတ်ကိုလည်း လက်မခံတော့ဖို့ ဆုံးဖြတ်ခဲ့သည်။

သို့သော်ငြား သူ့ထံ၌ ထောင်ကထွက်လာကတည်းက ကိုယ်ပိုင်ဝင်ငွေ အနည်းငယ်တောင် ရှိမနေတာမို့ ဒီစရိတ်တွေအတွက် သူ့အဖိုးကိုလည်း အောက်မကျို့ချင်သော်ငြား ဆေးရုံစရိတ်ကတော့ သေချာပေါက် ပေးရတော့မှာပင်။

ထိုစရိတ်တွေထက် သူ့ထံ၌ ယခုညအတွက် ညစာ ဝယ်စားဖို့ပင် မရှိတာကြောင့် အစားတစ်လုတ်အတွက် အောက်ကျို့ရတာ သူ့အတွက် မထူးဆန်းသည့် လုပ်ရပ်ဖြစ်သော်လည်း အခုချိန်၌ ထိုကဲ့သို့ တခြားသူထံ သွားလုပ်ရမည့်အစား ဒယ်ဒီ့ကိုသာ အကူအညီတောင်းလိုက်ချင်သည်။

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Donde viven las historias. Descúbrelo ahora