Chapter 1

13.6K 273 16
                                    

ညနေ လေးနာရီတိတိ
ရန်ကုန်ထောင်ကြီး၏ ရှေ့. . .။

ဥတုရာသီအလီလီကို ကျော်လွန်သွားပြီးချိန်၌ အောက်တိုဘာလ 28 ရက်နေ့ကိုပင် တဖန်ရောက်ရှိလာခဲ့ပေပြီ။

ရန်ကုန်ထောင်ကြီးနှင့် မလှမ်းမကမ်း‌တွင် ကားအနက်တစ်စီး ရပ်ထား၏။ ထိုကားအနက်ပေါ်၌ အတော်အသင့် အသက်ရနေပြီဖြစ်သည့် အမျိုးသားတစ်ဦး၏ မျက်ဝန်းများက ထောင်တံခါးမှ ထွက်လာမည့် ကောင်လေးတစ်ယောက်ကို စောင့်မျှော်နေလျက်ရှိသည်။

မကြာမီအချိန်၌ ထောင်တံခါး ပွင့်လာခဲ့ပြီး ခေါင်းစွပ်ပါသည့် အဖြူရောင် Hoodie အပွ ဝတ်ဆင်ထားသည့် မည်သို့ပင် ထောင်ထွက်တစ်ယောက်ဖြစ်နေစေကာမူ ထိုကောင်ငယ်လေး၏ မျက်နှာထက်၌ သူနှင့် ကွဲပြားခြားနားလွန်းသည့် ငယ်ရွယ်နုပျိုမှုတို့ကို အထင်းသား မြင်နေရဆဲ၊ ‌ဖျတ်ခနဲ ကြည့်လိုက်ရုံနှင့်ပင် ချောမောလွန်းသည့် ကောင်လေးတစ်ယောက် ထွက်လာတာအား တွေ့လိုက်ရပြီမို့ ထိုလူ ဝမ်းသာအားရ ကားပေါ်မှ ဆင်းလိုက်တော့သည်။

ရှားတစ်ယောက် သူ့ညာဖက်ပခုံးထက်မှ ကျောပိုးအိတ်ကြိုးကို ပခုံးပေါ် ပြန်ပင့်တင်လိုက်ရင်း ထောင်ထဲ၌ နေခဲ့ရသည့် သုံးနှစ်တာကာလအတွင်း အတော်အတန် ရှည်စပြုနေပြီဖြစ်သော ဂုတ်ပင် ကျော်စပြုနေသည့် ဆံပင်ရှည်များကို ထွက်လာခါနီး၌ တစ်ဝက်ချည်နှောင်ထားခဲ့ရသည်။

တော်ကြာ သူ့မွေးစားဒယ်ဒီ မြင်လျှင် သူ့၏ စုတ်တီးစုတ်ပဲ့အပြင် ဖရိုဖရဲ ဖြစ်နေသည့် ပုံစံကြောင့် သူ့အား စိတ်ကွက်သွားမှာမျိုး ရှား မလိုချင်သောကြောင့် သူ့ကိုယ်သူ အတတ်နိုင်ဆုံး ကြည့်ကောင်းအောင်ပင် ဝတ်ဆင်လာခဲ့မိသည်။

ထောင်အပြင်ရောက်သည်နှင့်တပြိုင်နက် သူ့ဒယ်ဒီ သူ့ကို လာကြိုမည်ဟု သူ မထွက်ခင်က ပြောထားသောကြောင့် ထောင်ပြင် ပတ်ပတ်လည်အား ဝေ့ဝိုက် ရှာဖွေလိုက်မိတာမို့ သူ့ဘယ်ဖက်နားထက်မှ သော့တံပုံစံ ခပ်သေးသေး နားဆွဲလေးက သူ့ခေါင်းလှည့်ရာအတိုင်း လှုပ်ရမ်းသွားခဲ့သည်။

"သား. . .ရတု"

သူ့ညာဖက် ခပ်လှမ်းလှမ်းမှ လှမ်းခေါ်လာသည့် ခေါ်သံကြောင့် ရှားရတု သူ့အား လက်ဝှေ့ရမ်းပြနေသည့် တစ်ချက်ကြည့်လိုက်တာနဲ့တင် ဒီလူက သဘောကောင်းမည့်ပုံဟု ဆိုနိုင်လောက်မည့် မျက်နှာကျနှင့် ဦးလေးကြီးတစ်ယောက်ကို တွေ့လိုက်ရတာကြောင့် သူပါ လိုက်ပြုံးလိုက်မိပြီး တစ်ခါမှ မတွေ့ဖူး‌ခဲ့ရသေးသည့် သူ တော်စပ်ရတော့မည့် တတိယမြောက် သူ့ဒယ်ဒီဆီသို့ ခြေလှမ်းကျဲများဖြင့် အမြန်လျှောက်လှမ်းသွားမိသည်။

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Opowieści tętniące życiem. Odkryj je teraz