Extra (3)

1.8K 72 120
                                    

"အား၊ ဒယ်ဒီ. . .ဒယ်ဒီ ! ! !"

ရှားရတု သူ့အိပ်ရာကျယ်ကြီးထဲ၌ အလန့်တကြား နိုးထလာခဲ့သည်။ အိပ်မက်ဆိုးများက သူ့အား မကြာခဏ ခြောက်လှန့်တတ်သော်လည်း အခုလို အိပ်မက်မျိုးကတော့ ဒါ ပထမဆုံးဖြစ်တာမို့ ရှား၏ ခန္ဓာကိုယ်ကပါ ခိုက်ခိုက်တုန်နေသကဲ့သို့ တုန်ယင်နေ၏။

ရှား၏ ပုံမှန်အချိန်ဇယားများအတိုင်း ပိတ်ရက်နှစ်ရက်သာ ဒယ်ဒီ့ဆီ သွားနေပြီး ဖွင့်ရက်တိုင်းတော့ သူ့အဖေနှင့် သူ့အစ်ကိုရှိရာ အိမ်၌သာ နေထိုင်လျက်ရှိဆဲမို့ အခုညက သူ့အဖေ၏ အိမ်ထဲမှာသာ အိပ်နေခဲ့တာ ဖြစ်သည်။

ရှားရတု ကုတင်ပေါ်မှ ဆင်းလိုက်ကာ အခန်းပြင်သို့ မျက်လုံးရဲများဖြင့် ထွက်လာခဲ့၏။

အချိန်ကား သန်းခေါင်ရောက်ဖို့ သိပ်မလိုတော့သော်လည်း အိမ်ပေါ်ထပ်ရှိ ဧည့်ခန်းရှိရာ ပြတင်းပေါက်ဘေး၌ နေသွန်းခ သူ့ဖုန်းကို မျက်မှောင်ကြုတ်ကြည့်နေရင်း ရပ်နေလျက်ရှိသည်။

ထို့ကြောင့် သူ့ညီလေး သူ့အခန်းဖက် ပြေးသွားဖို့ ပြင်နေတာကို လှမ်းမြင်လိုက်တာကြောင့် အသံပြုလိုက်ပြီး ဖုန်းကို ပိတ်လိုက်၏။

"ရှား ကိုကို ဒီမှာ"

သူ့အစ်ကိုဆီသွားဖို့ ထွက်လာခဲ့သည့် ရှားတစ်ယောက် ကိုသွန်းဆီ ပြေးလာခဲ့ရင်း ချုံးပွဲချ ငိုတော့မည့် မျက်ဝန်းများနှင့် မော့ကြည့်လိုက်တာကြောင့် နေသွန်းခ သူ့ညီအား ဖက်ထားလိုက်ရကာ စိုးရိမ်စွာ ငုံ့မေးလိုက်ရသည်။

"ဘာဖြစ်လို့လဲ၊ အိပ်မက်ဆိုး မက်လို့လား"

"ကိုကို ကျွန်တော့်ကို ဒယ်ဒီ့ဆီ လိုက်ပို့ပေး"

"ဒီအချိန်ကြီးကို မသွားရပါဘူး"

နေသွန်းခ၏ မျက်မှောင်များက ခုနကထက်ပင် ပိုမိုတွန့်ချိုးသွားကာ သူ အခုချိန်ထိ မင်းပိုင်စိုးဇေကို မုန်းတီးနေဆဲမို့ ဖြစ်နိုင်လျှင် သူ ရှားအား အဲ့ဘဲကြီးဆီ အပြီးပေးလိုက်ဖို့ပင် နှမြောနေသည်။

"ဒါဆိုလဲ ကိုယ့်ဘာသာကိုယ် သွားမယ်"

သူ့ညီ၏ မျက်ဝန်းများက ငိုထားပုံကြောင့် နီရဲနေသည်။ ညအိပ်ဝတ်စုံကလည်း တွန့်ကြေနေပြီး ဆံနွယ်ရှည်များက ရှုပ်ပွနေသည်။ သို့သော်ငြား ထိုအရာတွေက ရှား၏ လှပမှုကို ဖုံးလွှမ်းမထားနိုင်သည့်အလား သူ့ညီလေးက အရွယ်ရောက်လာလေ ပိုပို ချောမောလှပလာလေ။

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Where stories live. Discover now