Chapter 10

2.3K 127 1
                                    

မနက်ခင်း ဆောင်လေအေးတို့အပြင် မှန်အလုံပိတ်ကားထဲမှ လေအေးပေးစက်တို့သည်ပင် ရှား၏ ချွေးပြန်လာမှုအား မကယ်တင်နိုင်ကြတော့ပေ။

သူ့နှုတ်ခမ်းနှင့် လျှာတို့အား ဒုတိယကြိမ်မြောက် သိမ်းပိုက်ခြင်း ခံနေရတာမို့ သူ ဒီတစ်ကြိမ်၌ ခေါင်းလည်းမမူး၊ အရက်လည်း မသောက်ထားတာမို့ ရှိသမျှအား အကုန်သုံး၍ ထိုလူ့လက်ကြားထဲမှ လွတ်မြောက်အောင် တွန်းထိုး ရုန်းကန်နေမိသည်။

သူ ထိုမျှလောက် အားသန်သည့်သူမျိုး မတွေ့ဖူးသည့်အလား ထိုလူက ကြောက်စရာကောင်းလောက်အောင် အားကြီးနေတာမို့ သူ့နှုတ်ခမ်းတစ်ခုလုံးပင် ပူထူလာသည်။ အောက်စီဂျင် မလုံလောက်တော့တာမို့ အသက်ရှူလည်း ကြပ်လာပြီ။

ထို့ကြောင့် ရှား သူ့လက်အား ထိုလူ့ပေါင်ကြားထဲသို့သာ ရွှေ့လိုက်ရင်း သူ ထိုလူ့ပေါင်ပေါ် တက်ထိုင်နေရတာမို့ သူ့ခါးကို အနည်းငယ်ကြွလိုက်ပြီး ထိုလူ့အတွင်းပစ္စည်းအား ထိထိမိမိ ကိုင်တွယ်ပစ်လိုက်တော့၏။

ပြွတ်!

ချုပ်နှောင်ထားသည့် မြွေဆိုးကြီးကို သူ ထိုလူ့အတွင်းခံထဲ လက်လျှိုဝင်လိုက်ပြီး ဆွဲထုတ်မိလိုက်ချိန်၌ အကြောများပင် ထောင်ထနေသည့် ပူနွေးတုတ်ခိုင် ရှည်လျားသည့် အထိအတွေ့ကြောင့် ရှား သူ့လက်ထဲမှ အရာအား လန့်ပြီး အမြန်ပြန်လွှတ်ချလိုက်မိသွားသည်။

ဇေတစ်ယောက် ထိုကောင်လေး၏ လက်သရမ်းမှုကြောင့် အပြစ်ပေးနေသည့် အနမ်းများကို ရပ်တန့်လိုက်ပြီး သူ့ရင်ခွင်ထဲမှ ရှားအား မျက်လုံးများ မှေးစဥ်းပြီး ငုံ့ကြည့်လိုက်မိရင်း-

"မင်းက ရန်ဖြစ်ရင် သူများအောက်ပိုင်းကို လျှောက်ကိုင်တတ်တဲ့ အကျင့်ရှိတာလား"

ထိုကောင်လေး၏ မျက်နှာတစ်ခုလုံး ပန်းရောင်သမ်းသွားတာမို့ သူ ရှား၏ ခါးအား လက်တစ်ဖက်ဖြင့် တင်းကြပ်စွာ တိုးဖက်ထားလိုက်ရင်း နောက်တစ်ဖက်ဖြင့် သူ့ပစ္စည်းအား ဘောင်းဘီထဲ ပြန်ထည့်လိုက်ရသည်။

ထို့နောက် ရှား၏ နားရွက်ဖျားထဲ လေမှုတ်ထုတ်လိုက်ရင်း ထိုကလေး၏ နီရဲစွတ်စိုသွားသော နှုတ်ခမ်းပေါ်သို့ သူ့လက်မဖြင့် ဖိသုတ်ပေးလိုက်ပြီး-

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Where stories live. Discover now