Chapter 29

2K 93 4
                                    

ဦးနေမင်းလတ် ပိုင်ဆိုင်သည့် စံအိမ်ကြီးထဲ၌ ခြောက်ခြားဖွယ်ရာ အသံများဖြင့် ပြည့်နှက်နေသည်။

"ခင်ဗျား သေချင်နေပြီ"

တတ်နိုင်သမျှ ဒီအမျိုးသမီး‌ပေါ် လက်မပါချင်လို့ မင်းပိုင်စိုးဇေ စိတ်ထိန်းထားခဲ့သော်လည်း သူ၏ သန်မာသော လက်သီးများက ‌ဒေါ်ပုလဲသွယ်၏ နှာရိုးပေါ် ရောက်ရှိသွားခဲ့သည်။ ပုံမှန်အမျိုးသားတစ်ယောက်ပင် ထိုလက်သီးရှိန်နှင့်တွေ့လျှင် ပစ်လဲသွားနိုင်သည့်အထိ ဇေ့လက်တွေက အားပြင်းတာ‌ကြောင့် မိန်းမသားဖြစ်သည့် ဒေါ်ပုလဲသွယ်မှာမူ နှာရိုးပင် ကျိုးသွားသလား မသိဖြစ်သွားခဲ့ကာ နှာခေါင်းထဲမှ ‌‌‌သွေးများ ဒလဟော စီးကျလာခဲ့သည်။

ထိုအခြင်းအရာကို မြင်ရသည့် အော်သံပင် ကောင်းကောင်းမပြုနိုင်တော့သော နေသွန်းခတစ်ယောက် သူ့မိခင်နားသို့ တွားသွားရင်း တိုးကပ်လာခဲ့မိ၏။

ထို့ကြောင့် ဇေ ထိုကောင့်အား လွင့်ထွက်သွားအောင် အရှိန်ဖြင့် ကန်ထုတ်ပစ်လိုက်တာကြောင့် သွန်း၏ ခန္ဓာကိုယ်က ခွန်း၏ ဘေးသို့ ဘောလုံးတစ်လုံးကဲ့သို့ ရောက်ရှိလာခဲ့သည်။ ထို့အတွက် လူရုပ်တောင်မပေါ်တော့သည့် သူ့အစ်ကို သူ့လက်ဖမ်းဆွဲလိုက်ချိန်၌ မိုးခွန်းခ ကြောက်လန့်တကြား ထအော်နေမိသည်။

"တိတ်တိတ်နေစမ်း"

ခွန်းကို ချုပ်ထားသည့် ဇေ့နောက်လိုက်နှစ်ယောက် သူ့ကိုလည်း ဂိုဏ်းချုပ်က ထိတောင်မထိသေးပါဘဲ သူ ခံနေရသလို တလျှောက်လုံး အော်ဟစ်နေသည့် အသည်းငယ်နေသည့် ခွန်းအား သည်းမခံနိုင်တော့တာကြောင့် ခွန်း၏ လည်ဂုတ်ပေါ် ဗြောင်းခနဲ ရိုက်ချလိုက်ပြီး ငြိမ်အောင်လုပ်ထားလိုက်ရသည်။

"အား. . .အား"

မင်းပိုင်စိုးဇေ ထိုအမျိုးသမီး၏ ဆံနွယ်များအား ဆုပ်ကိုင်လိုက်ကာ ဘေးက နံရံဖြင့် ထပ်မံပိတ်စောင့်နေသည်။ ထိုမြင်ကွင်းကြောင့် ဦးနေမင်းလတ် သူ့အမျိုးသမီးအား စိုးရိမ်သွားမိသလို ထိုမျှလောက် ရက်စက်ကြမ်းတမ်းသည့် ဇေ့ကိုကြည့်ရင်း ဒီကောင် ရှားကို စိတ်တိုလာလျှင်ရော သူ့သားငယ်အပေါ်  ဒီ‌ကောင် ဘယ်လောက်တောင် လက်ပါနေလဲဆိုတာအား ရှားအတွက် ပူပန်မိသွားသည်။ သူပင် ဒေါသထွက်တိုင်း ရှားကို ရိုက်နှက်ဖူးတာမို့ပင်။

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Where stories live. Discover now