မနက်ခင်း၏ နေရောင်ခြည်အောက် တိတ်ဆိတ်အေးချမ်းနေသော ကန်ရေပြင်ကြီး၏ အလယ်၌ မမောနိုင်မပန်းနိုင် ကူးခတ်နေသော လှပလွန်းသည့် ကောင်လေးတစ်ယောက်ရှိသည်။
မင်းပိုင်စိုးဇေ ထိုကလေးအား အချိန်အတန်ကြာ ငေးကြည့်နေမိပြီးသကာလ ဆူဖို့စကားလုံးတွေနေရာ၌ ယောက်ျားလေးတစ်ယောက်အား လှလိုက်တာ၊ အရမ်းလှတယ်၊ ဘာကြောင့် အစ်ကို့သားလေးက ထိုမျှလောက် ချောမောလှပစွာ ကြီးပြင်းလာခဲ့ရတာလဲဟူသည့် စကားလုံးတွေသာ တဝဲလည်လည် ဖြစ်နေတာကြောင့် မျက်နှာသစ် ကိုယ်လက်သန့်စင်ဖို့ ရေချိုးခန်းထဲ အမြန်ဝင်သွားရတော့သည်။
သူ ဒီထက်ဆက်ကြည့်နေမိရင် အဖေနဲ့သားကြား ဘောင်ကျော်လာမည့် မတွေးအပ် မတွေးသင့်သည့် အတွေးတွေ ပေါ်လာတော့မည်ဟု ခံစားနေရတာကြောင့် ရှောင်ထွက်လိုက်ရခြင်းပင်။
တစ်ညလုံး မအိပ်ဖြစ်ခဲ့သည့် ရှားတစ်ယောက် စိတ်ရောကိုယ်ပါ လန်းသွားအောင် ရေဆင်းကူးမိခြင်းဖြစ်သော်လည်း သူ ဒီတစ်ပတ်လုံး ညတိုင်းနီးပါး ဒယ်ဒီ့အခြေအနေဆီပဲ စိတ်ရောက်နေခဲ့တာကြောင့် အဆောင်မှာလည်း သေချာမအိပ်ဖြစ်ခဲ့။ ထို့ကြောင့် လန်းသွားအောင် ဆင်းကူးကာမှ ညကတည်းက ခေါင်းသိပ်မကြည်သည့် အရှိန်က ညမအိပ်ရတာနှင့်ပါ ပေါင်းသွားချိန်၌ ခေါင်းပင်မူးလာသလိုမို့ ကန်ဘောင်နား ပြန်ကူးခတ်လာပြီး ကန်ပေါ်ပြန်တွယ်တက်လာခဲ့ရတော့သည်။
ခုံပေါ်တင်ထားသည့် တဘက်ဖြင့် ကိုယ်ပေါ်မှ ရေစက်တွေကို ခပ်မြန်မြန်သုတ်လိုက်ပြီး အပေါ်ရုံကိုသာ လွှားခြုံထားလိုက်ကာ ခါးစည်းကြိုး ချည်လိုက်ပြီး အခန်းထဲ ပြန်ဖို့ အားယူလှမ်းလိုက်စဉ် သူ့နှာခေါင်းထဲ၌ စီးကရက်နံ့ ရလိုက်တာမို့ ရှား လှည့်ကြည့်လိုက်မိ၏။
နေသွန်းခ သူ့လက်ထဲမှ စီးကရက်ကို မီးသတ်လိုက်ပြီး ပစ်ထုတ်လိုက်ကာ သူ့ရှေ့က အလှတရားလေးအား အပေါ်မှ ကြည့်နေရရုံနဲ့တင် အားမရတာမို့ အနီးကပ် လာခံစားကြည့်ဖို့ ဆင်းလာချိန် ရှားက ကန်ဘောင်ပေါ် ပြန်တက်လာပြီဖြစ်သည်။
ရှားတစ်ယောက် အနည်းငယ် ချမ်းနေတာမို့ သူ့လက်နှစ်ဖက်ဖြင့် သူ့ခန္ဓာကိုယ်ကို ပိုက်ထွေးလိုက်ပြီး သွန်းအား အာရုံမစိုက်တော့ဘဲ လျှောက်ထွက်လာချိန် ထိုလူ သူ့ရှေ့ပိတ်ရပ်လာတာမို့ အလိုမကျစွာ မော့ကြည့်လိုက်ရသည်။
BẠN ĐANG ĐỌC
နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]
Viễn tưởngTitle - နှောင်ကြိုးဖြင့် တွယ်ငြိရာ (နှောင်ကြိုးဖြင့် တွယ်ငြိရာ) Type - Own Creation , Myanmar BL သူ့ရဲ့ အကောင်းမွန်ဆုံးသော အသက်အရွယ်မှာ ဆိုးသွမ်းလွန်းတဲ့ ကလေးတစ်ယောက်ကို မွေးစားခဲ့ရတယ်။ အဲ့ကလေးက တည်ငြိမ်နေတဲ့ သူ့ဘဝထဲကို ကံဆိုးမှုတွေပါ သွင...