Chapter 17

2K 110 1
                                    

စံအိမ်အပြင်ဖက်၌ သဘာဝအလင်းရောင် မမြင်ရသည့်အထိ အမှောင်တိုက်ကြီးစိုးနေ၏။ ဆောင်းရာသီ၏ ပြယုဒ်ဖြစ်သည့် အအေးဓာတ်တို့ကလည်း လွှမ်းခြုံရစ်ဝိုင်းနေသည်။

စံအိမ်အတွင်းဖက်မှာမူကား အအေးဓာတ် မဖောက်ထွင်းနိုင်ဘဲ နွေးထွေးနေသည်မှာ လူငွေ့များကြောင့် ပိုလို့ပင် သက်တောင့်သက်သာရှိနေသည့် အပူချိန်မျိုးရှိသည်။

သို့သော်ငြား အတ္တကိုယ်စီဖြင့် အေးစက်ခက်ထန်နေသည့် စကားဝိုင်းကြားက လေထုကြောင့် ရှားကတော့ ဒယ်ဒီ့အား မြင်ချိန်ခဏ၌ပင် တင်းကျပ်စွာ ပြေးဖက်တွယ်ထားမိပြီး ထိုလူစု သူ့ကို ဝိုင်းကြည့်နေမှာကို သိနေသော်လည်း မတတ်နိုင်တော့ပါပေ။ ဒီတစ်နေ့လုံး ဒယ်ဒီ့ကို သူ လွမ်းနေခဲ့ရသည်လေ။ ဒယ်ဒီ့ကို ပြန်မတွေ့ရတော့ဘူးဟု ထင်ခဲ့မိသည်လေ။

ထိုကလေး၏ ပခုံးစွန်းကိုသာ ဇေ ငုံ့နမ်းလိုက်ပြီး လူချင်းပြန်ခွာလိုက်ရသည်။

"ဘယ်လိုနေသေးလဲ၊ သက်သာသွားပြီလား"

ရှား ခေါင်းညိတ်ပြလိုက်ပြီး ဒယ်ဒီ့လက်တစ်ဖက်အား သူ့လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ကာ ရှား သူ့ဗိုက်ပေါ် လက်တင်ခိုင်းလိုက်ရင်း လူတွေကြားထဲမို့ တိုးညှင်းစွာသာ နှာခေါင်းရှုံ့ပြောလိုက်မိ၏။

"ကျွန်တော် ဆာနေပြီ"

သူ တစ်နေ့လုံး အိပ်နေခဲ့ပြီး ညကျမှ စားဖို့ အောက်ဆင်းလာခဲ့စဉ် သူ့ပထွေးနောက်လိုက်ခဲ့ရပြီး အခုကျ မပြီးဆုံးနိုင်သည့် စကားဝိုင်းအလယ် ဆာလောင်စွာ ထိုင်စောင့်နေရသည်။

သူ့အား စားပြီးပြီလားဟု မေးမည့်သူလည်း မရှိသလို၊ သူ ဆာရင် ကျွေးမည့် ဒယ်ဒီလည်း မရှိခဲ့တာမို့ ယခုလို ဆာလောင်နေချိန် ဒယ်ဒီ့အား မြင်လိုက်ရတာက သူ့အား ပိုလို့ပင် ပျော်ရွှင်သွားစေခဲ့လေသည်။

မင်းပိုင်စိုးဇေ ထိုကလေး၏ ခေါင်းပေါ် သူ့လက်ဖဝါး အုပ်တင်လိုက်ကာ ရှေ့နောက်လှုပ်ရမ်းလိုက်ပြီး ယခုချိန် နှစ်ယောက်တည်းသာ ရှိမည်ဆိုလျှင် သူ ရှားအား တစ်စုံတစ်ခု သီးသန့်ခေါ်ကျွေးချင်စိတ်ပင် ပေါက်သွားသည့်အထိ ထိုကလေးအား အူယားသွားမိသည်။

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Where stories live. Discover now