Chapter 27

2.1K 117 0
                                    

"ဒယ်ဒီ. . .ဒယ်ဒီ"

". . . ."

"မလိုက်ချင်ဘူး!"

ရှားရတု သူ့၏ ခြောက်အိပ်မက်ထဲမှ လျင်မြန်စွာ ရုန်းထွက်လိုက်ရင်း ဝုန်းခနဲ ထထိုင်လိုက်မိချိန် မှန်ချပ်အပြင်ဖက်၌ မှောင်မည်းနေပြီဖြစ်သည်။

သူ့ကိုယ်ပေါ်မှ ဂွမ်းစောင်ထူထူအား ရှား ဆုပ်ကိုင်ထားရင်း အခန်းပေါက်ဝ၌ လှမ်းခေါ်နေသော သူ့အဖေကို တွေ့‌နေရပြန်တာကြောင့် သူ့မျက်နှာကို စောင်အောက်ထဲ ဖွက်ထားလိုက်မိကာ မျက်လုံးစုံမှိတ်ထားရင်း ဘုရားစာရွတ်နေမိသည်။

သူ ဘာကြောင့် အခုနောက်ပိုင်း သူ့အဖေကို အခုလို တွေ့တွေ့နေရလဲမသိ၊ သူ ဘာ‌ကြောင့် ဒယ်ဒီ့လောက်တောင် ဒဏ်ရာမများပါဘဲနှင့် အခုချိန်ထိ ခန္ဓာကိုယ်ပေါ်က အညိုကွက်တွေက မသက်သာသေးလဲ မသိ။ သူ့ခန္ဓာကိုယ်က အချိန်ပြည့် နွမ်းနယ်ပင်ပန်းနေပြီး တအားကိုမှ နူးညံ့သည့် မိန်းမငယ်လေးတွေလို သူ့ခန္ဓာကိုယ်က အထိသိပ်မခံနိုင်ဖြစ်နေတာကြောင့် ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရပင် ဖြစ်လာမိသည်။

စောင်အောက်ထဲမှ ပြန်ထွက်လိုက်ကာ အခန်းဝကို ကြည့်လိုက်ချိန်၌ သူ့ဖခင်ကို မတွေ့ရတော့ပြန်တာမို့ ထင်ယောင်ထင်မှား လျှောက်မြင်နေတတ်တဲ့ သူ့ကိုယ်သူ စိတ်ရောဂါများ ဖြစ်ချင်နေတာလားပင် စိုးထိတ်လာမိသည်။

ထို့ကြောင့် ညဖက်တွေဆို အရင်လို တစ်ယောက်တည်း မနေရဲ မအိပ်ရဲတော့တာကြောင့် သူ ဒယ်ဒီ့ကို သွားရှာဖို့ ကုတင်အောက်ဆင်းလိုက်ပြီး ကုတင်အောက်မှာ ချထားသည့် အမွှေးပွ ဖိနပ်ကို စီးလိုက်သည်။ ထို့နောက် သူ အိပ်မပျော်ခင်က လုပ်နေသည့် အရာကို သတိရသွားတာကြောင့် ဖုန်းနဲ့စာအုပ်ကို စောင်အောက်ထဲမှ လှန်ရှာလိုက်ချိန် ဖုန်းသာ တွေ့ရပြီး စာအုပ်မရှိတော့တာကြောင့် သူ ကုတင်အောက်တွေပင် ကုန်းရှာလိုက်မိသည်။

"ဘယ်ရောက်သွားတာလဲ"

သူ့အခန်းထဲကို ဒယ်ဒီသာ ဝင်လောက်မှာမို့ သူ စိုးရိမ်သွားမိချိန် ကုတင်အောက်၌ မည်သည့်အရာကိုမျှ မတွေ့ရတာမို့ ခါးပြန်မတ်လိုက်စဥ်-

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Donde viven las historias. Descúbrelo ahora