Chapter 21

2.1K 112 7
                                    

မောပန်းလှိုက်မောနေရသော ကြောက်စရာ အိပ်မက်များထဲမှ လွတ်မြောက်အောင် သူ့အား အတင်းလှုပ်နှိုးနေ‌သော လူတစ်ယောက်ရှိနေသည်ဟု ရှား ခံစားနေရသည်။ သို့သော် သူ့မျက်လုံးများ မဖွင့်နိုင်၊ ခြေလက်များအား မလှုပ်နိုင်သကဲ့သို့ သူ့စိတ်နှင့်ခန္ဓာက သူ မပိုင်တော့သကဲ့သို့ ရှိနေသည်။

"ဒယ်ဒီ"

မှောင်ပိန်းနေသည့် နေရာထဲမှ လွတ်မြောက်အောင် သူ ကြိုးစားနေတိုင်း သူ အလွန်မုန်းသည့် ပိုးသတ်ဆေးနံ့များ လွှမ်းခြုံနေရာ ဆေးရုံနံ့က သူ့အား ကြိုဆိုနေသည်။ သူ ဆေးရုံတွေကို မုန်းသည်။ ဆေးရုံထဲ၌ သူ့ဖခင်အား အပြီးတိုင် ဆုံးရှုံးခဲ့ရသည်၊ လက်လွှတ်ခဲ့ရသည်။ ထို့အတွက် သူ ဖျားနာနေရင်တောင် ဆေးရုံတွေနှင့် ဝေးဝေးနေဖို့ကြိုးစားခဲ့သည်။ အခုတော့ သူ ကိုယ်တိုင်ပါ ဒီနေရာသို့ စိုက်စိုက်မက်မက် ရောက်ရှိလာခဲ့ပေပြီ။

ထို့အတွက် သူ့လက်အား မြှောက်လိုက်ပြီး မတော်တဆမှု၌ သူ့အား ကာကွယ်ဖို့ ကြိုးစားပေးခဲ့သည့် ဒယ်ဒီ့အား လှမ်းဖမ်းဖို့ ကြိုးစားမိသည်။ သူ ကြောက်သည်၊ သူ့ဖခင်ကဲ့သို့ ဒယ်ဒီ သူ့အား ထားသွားမှာကို အလွန်ကြောက်နေတာမို့ မျက်လုံးတွေကို မဖွင့်ရဲ၊ နားတွေကို မစွင့်ရဲ။

"ဟေ့၊ မင်း သတိရပြီဟုတ်၊ မျက်လုံးဖွင့်ကြည့်ပါဦး၊ ကိုယ့်ကို မြင်ရလား"

နေသွန်းခ ထိုကောင်လေး၏ တစ်စုံတစ်ခုကို ရှာနေပုံရသည့် လက်ချောင်းများအား ဆုပ်ကိုင်လိုက်ပြီး ရှားအား လှုပ်နှိုးနေမိသလို ထိုကောင်လေး သတိရလာပြီဖြစ်ကြောင်းလည်း ဆရာဝန်တွေအား အမြန်လှမ်းအကြောင်းကြားလိုက်ရသည်။

အချိန်ပေါင်းများစွာ ကြာမြင့်သည့် ခွဲစိတ်မှုကြီး ပြီးဆုံးပြီးချိန်ကတည်းက ရှား သတိလစ်မေ့မြောနေခဲ့တာ ဒီနေ့ဆို ငါးရက်မြောက်ထဲ ရောက်လာခဲ့ပြီမို့ သူ အလွန်စိုးရိမ်နေခဲ့သည်။

ရှား သူ့မျက်လုံးများ ဖွင့်လိုက်ပြီး သွန်း၏လက်ကို ညှစ်ယူလိုက်ကာ အားယူရင်း ခေါင်းထောင်ကြည့်ဖို့ ကြိုးစားလိုက်စဉ် သူ့ခေါင်းကိုပင် သူ မထိန်းနိုင်ဘဲ ခေါင်းအုံးပေါ် ပြန်ပစ်ကျသွားခဲ့သည်။

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Donde viven las historias. Descúbrelo ahora