Chapter 19

2K 110 1
                                    

ဆိတ်ငြိမ်ရပ်ကွက်၌ပင် ပို၍ အတွင်းကျသည့် ကွန်ဒိုတိုက်ခန်းကျယ်ထဲ၌ ရှားရတု မျက်စိလည် လမ်းပျောက်နေရ၏။

ကိုခွန်း၏ ကွန်ဒိုတိုက်ခန်းသို့ သူ လိုက်လာပြီးနောက် သူ့အဆောင်ကနေ‌ဆို တော်တော်လေး စီးလာခဲ့ရတာမို့ သန့်စင်ခန်း အရင်အသုံးပြုပြီးသကာလ ကျယ်ဝန်းသည့် လျှောက်လမ်းအသွယ်သွယ်ထဲ၌ သူ ဧည့်ခန်းဆီသို့ ပြန်မထွက်တတ် ဖြစ်‌နေသည်။

ထို့ကြောင့် တံခါးချပ်တွေအား လိုက်ဖွင့်နေမိရင်း လမ်းရှာနေမိသည်။ သို့သော်ငြား ဖွင့်လိုက်တိုင်း အိပ်ခန်းတွေပဲ ဖြစ်နေတာမို့ နောက်ဆုံးတံခါးချပ်ကို ဖွင့်လိုက်ပြီးသကာလ ထိုအရာကလည်း ဧည့်ခန်းဖက် သွားသည့် တံခါးမဟုတ်ဘဲ အိပ်ခန်းပဲ ဖြစ်နေပြန်တာကြောင့် ကိုခွန်းကိုပဲ သူ့အား ပြန်လာခေါ်ဖို့ ဖုန်းဆက်ဖို့ ထုတ်လိုက်ချိန် ဘောင်းဘီအိတ်ကပ်ထဲ၌ ဖုန်းပါမလာတာကို သတိရသွားတာမို့ လက်လျှော့လိုက်ရပြီး ထိုအိပ်ခန်းတံခါးကို ပြန်ပိတ်ဖို့ လုပ်လိုက်ရသည်။

ပြန်မပိတ်ခင် ထိုအခန်းအား မျက်စိဝေ့ကြည့်မိသွားတာမို့ ခဏငြိမ်သက်သွားမိစဉ် သူ့နားထဲ၌ ခြေသံတချို့ကြားလိုက်တာ‌ကြောင့် အခန်းတံခါးကို အမြန်ပြန်ပိတ်လိုက်ရပြီး လှမ်းကြည့်လိုက်မိသည်။

"ဒီရောက်နေတာကိုး၊ မင်း ကြာနေလို့ အဆင်ပြေရဲ့လား လာကြည့်တာ"

ရွှေအိုရောင်ဆံနွယ်များနှင့် သူ့မျက်စိထဲ၌ တော်တော်လေး ချောပြီး သဘောကောင်းသည်ဟု သတ်မှတ်ထားခဲ့မိသည့် ထိုအမျိုးသားအား ရှား ပြုံးပြလိုက်ရင်း-

"အစ်ကို့အိမ်က ကျယ်လွန်းတော့ ကျွန်တော် မျက်စိလည်နေတာ။ အစ်ကို့အိမ်က ဝင်္ကာပါကျနေတာပဲ။ ကျွန်တော် ဒီအခန်းထဲတောင် မှားဝင်မိတော့မလို့"

မိုးခွန်းခ ထိုကလေးဘေး လျှောက်လာလိုက်ပြီး ရှားအား ပခုံးမှ သိုင်းဖက်လိုက်ရင်း ဧည့်ခန်းဖက် ပြန်ခေါ်လာခဲ့ရသည်။

"အဲ့ဒါ အစ်ကို့အခန်းလေ၊ ညကျရင် အဲ့အခန်းထဲမှာ အစ်ကိုနဲ့ တူတူအိပ်မယ်မလား"

ဒါပေါ့ဟူသည့် အပြုံးမျိုးဖြင့်သာ ရှား ခေါင်းညိတ်ပြလိုက်ပြီး သူ့အား ဧည့်ခန်းဖက် လမ်းညွှန်လိုက်သည့် ကိုခွန်းက မီးဖိုချောင်ဖက် ထွက်သွားတာမို့ သူ့အား လက်ကမ်းပေးနေသည့် နေသွန်းခ၏ ဘေးမှာသာ လာဝင်ထိုင်လိုက်ရသည်။

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]حيث تعيش القصص. اكتشف الآن