မြန်မာနိုင်ငံရဲ့သူဌေးကြီး ဦးအဂ္ဂမောင်၏အိမ်တွင် လုပ်ငန်းရှင်သူဌေးများနှင့်အတူ အနုပညာရှင်ပေါင်းများစွာနှင့်တကွ မီဒီယာသမားများလည်း ရောက်ရှိလို့နေကြသည်။ အိမ်ကြီး၏ အနောက်ဘက်တွင် ရေကူးကန်ကြီးတစ်ခုရှိနေပြီး ထိုရေကူးကန်ထဲတွင် အသက် ၁၇နှစ်အရွယ် ကောင်လေးတစ်ချို့ရေကူးနေကြသည်။ ရေကူးနေတဲ့ ကောင်လေးတွေထဲကမှ ဆံပင်ကောက်ကောက်နဲ့ ကောင်လေးကို ဦးအဂ္ဂမောင် လှမ်းပြောလိုက်သည်။"အစော ပွဲစတော့မယ် ရေကူးတာရပ်တော့"
"လေးလေးကလည်းဗျာ သားမှပွဲမတက်ချင်တာကို"
"ဟ.. ဒီပွဲက မင်းအတွက်လုပ်ပေးတာလေ မင်းမတက်တော့ ငါတစ်ယောက်တည်းတက်ရမှာလား"
"အရင်ကလည်း လေးလေးတစ်ယောက်တည်းတက်နေကျပဲဟာကို အပိုတွေပြောပြန်ပြီ"
ပြောပြီး ရေဆက်ကူးနေတဲ့ ကောင်လေးကိုကြည့်ရင်း ဦးအဂ္ဂမောင် ခေါင်းခါမိတော့သည်။ အသက် ၁၇နှစ်အရွယ်သာသာဆိုပေမယ့် သူငယ်ချင်းတွေကြားထဲမှာ လူကောင်အသေးဆုံးလေးနဲ့ အသားအဖြူဆုံးကောင်လေးမို့ အားလုံးရဲ့အချစ်တော်လေးလို ဖြစ်နေသည်။မျက်လုံးဝိုင်းဝိုင်းလေးနဲ့ နှင်းဆီရောင်နှုတ်ခမ်းဖူးတို့က သူ့မျက်နှာအသွင်အပြင်ကိုရှိရင်းစွဲထက် ပိုချစ်ဖို့ကောင်းစေပြီး မျက်နှာအပြင်ခန္ဓာကိုယ်ကပါ မိန်းခလေးများ ရှုံးလောက်အောင် လှပလွန်းတာကြောင့် ကျောင်းတုန်းက သူ့ကို မိန်းခလေးတွေအပြင် ယောကျာ်းလေးများကပါ စိတ်၀င်စားကြသည်။ ၁၀တန်းပြီးခါစ ကျောင်းသားလေးဖြစ်တဲ့အစောကတော့ အခုလောလောဆယ်သူ့ခေါင်းထဲမှာ သူငယ်ချင်းတွေနဲ့ ပျော်မယ်ပါးမယ် ခရီးထွက်မယ်ဟုသာ အတွေးထဲရှိနေသည်။ ဦးအဂ္ဂမောင် အစောကိုပွဲတက်စေချင်တဲ့အကြောင်းအရင်းကတော့ လုပ်ငန်းရှင်များနှင့် အားလုံးရဲ့ရှေ့မှောက်မှာ သူ့တူလေးကို ထုတ်ဖော်ကြေငြာပေးချင်တာရော ပြီးတော့ နောင်တစ်ချိန် သူ့ရဲ့ဆက်ခံသူဖြစ်လာမဲ့သူဖြစ်တဲ့အကြောင်းကိုပါ အတိအလင်းကြေငြာချင်တဲ့သဘောပါ။
"အေးလေ ရတယ်မတက်လည်း....ဒါနဲ့ အခုချိန်ဆို Royl အိပ်ယာကနေထပြီထင်တယ်"
YOU ARE READING
ROYL (Ongoing)
ActionRed Flag ကြိုက်ရင် ဒါလေးဖတ် ❤ မွန်ဒီပမောင် (ROYL) + ရှိုင်းထက်မြိုင် ❤