Part 15

918 22 2
                                    

ခမ်းနားထည်ဝါလှတဲ့အိမ်တော်ကြီးရဲ့ ဧည့်ခန်းမထဲမှာ သတင်းစာဖတ်နေတဲ့သူဌေးကြီးနှင့်အတူ သူ၏ချစ်လှစွာသောသားငယ်လေးဖြစ်သူတို့အတူတကွရှိနေကြသည်။ ညီညီ တစ်ဖြစ်လဲ သာလွန်ထက်ဆိုတဲ့ကလေးလေးက စက်ရုပ်တွေနဲ့ဆော့ကစားနေရင်းမှ စာဖတ်နေတဲ့ဦးရှိုင်းထက်သာကိုမော့ကြည့်ပြီး မေးလိုက်တယ်။

"ဒယ်ဒီ ကိုကိုက ဘယ်သွားတာလဲဟင်"

စာဖတ်နေရင်းမှ သားငယ်လေးရဲ့အသံကြောင့် ဦးရှိုင်းထက်သာ လှမ်းကြည့်မိလိုက်တယ်။

"သားကိုကိုက အလုပ်ကိစ္စနဲ့အပြင်ခနသွားတယ်လေ ဘာဖြစ်လို့လဲသားငယ်လေး "

"ဟုတ်ပါဘူး သားကပျင်းလို့မေးကြည့်တာ"

ညီညီနဲ့စကားပြောနေရင်းမှ အိမ်တော်ရဲ့အပြင်ဘက်ကနေ ကားသံကြားလိုက်ရတာကြောင့် ဦးရှိုင်းထက်သာ ဝမ်းသာအားရနဲ့အိမ်အပြင်ဘက်ကိုလှမ်းကြည့်မိလိုက်တယ်။ အိမ်ထဲဝင်လာတဲ့ သားကြီးကို အခြေအနေဘာထူးခြားလဲဆိုတာသိဖို့အတွက် မေးမယ်လုပ်စဉ် သားကြီးရဲ့အနောက်ကနေ ပေါ်ထွက်လာတဲ့လူကြောင့် ဦးရှိုင်းထက်သာ အံ့သြတုန်လှုပ်သွားခဲ့တယ်။ရှိုင်းထက်မြိုင်တစ်ယောက် မျက်စိပြူးမျက်စံပြူးဖြစ်နေတဲ့ဒယ်ဒီနဲ့ မှင်သေသေရပ်နေတဲ့ရွိုင်တို့ကြား ရပ်နေမိကာ သူတို့နှစ်ယောက်ကိုမိတ်ဆက်ပေးဖို့အတွက် ဘယ်ကနေစပြောလို့ပြောရမှန်းမသိဖြစ်လို့နေသည်။

"ဟို...ဒယ်ဒီ ဒါကကျွန်တော့်မိတ်ဆွေ သူ့နာမည်က ...."

"မင်္ဂလာပါအန်ကယ် ကျွန်တော့်နာမည်က ရွိုင်ပါ"

ရှိုင်းထက်မြိုင်ပြောမယ့်စကားကို ရွိုင်ကကြားနေဖြတ်ကာ အပြုံးခပ်နုနုလေးဖြင့်နှုတ်ဆက်လိုက်တော့ ဦးရှိုင်းထက်သာကလည်း မျက်နှာကိုချက်ချင်းပြန်ထိန်းလိုက်ပြီး ....

"အော်...ရွိုင်ဆိုတာ သီဟမောင်ရဲ့သားမဟုတ်လား ကြည့်ပါအုန်းဖအေတူသားပဲ ထွားကြိုင်းနေလိုက်ပုံများ...ဒါနဲ့သားကြီးနဲ့ကခင်နေတာလား"

"ဟုတ်ပါတယ်ခဗျ"

"အေးအေး အိမ်ကိုရောက်တုန်းရောက်ခိုက် အကြာကြီးလည်အုန်းကွာ အေးအေးဆေးဆေးထမင်းစားသောက်ပြီးမှပြန်ဟုတ်ပြီလား"

ROYL (Ongoing)Where stories live. Discover now