ပါးလျအောင်လှီးထားတဲ့အလွှာသုံးလွှာကို လျှပ်စစ်မီးဖိုပေါ်က သံဇကာပေါ်ကိုတင်လိုက်တဲ့အချိန်မှာ အသားရဲ့မွှေးပျံ့တဲ့ရနံ့ကထွက်ပေါ်လာခဲ့ပြီး ခနလေးအတွင်းမှာပင် လျှင်မြန်စွာ အသားကျက်သွားသည်။ကင်ပြီးသွားပြီဖြစ်တဲ့ ဝက်သားသုံးထပ်သားကို ရောစပ်ထားတဲ့အချဉ်ခွက်ထဲမှာနစ်လိုက်ပြီး ပါးစပ်ထဲကိုထည့်လိုက်စဉ် ထူးကဲကောင်းမွန်တဲ့အရသာက လျှာပေါ်မှာစွဲတင်ကျန်ရစ်သွားသည်။
"ဒီဆိုင်က အစားအသောက်က မောင်ရင့်အတွက်အဆင်ပြေရဲ့လား"
ပုဇွန်ကင်တစ်ကောင်ကို အားရပါးရပါးစပ်ထဲသွတ်သွင်းနေတဲ့ ခပ်ဝဝလူတစ်ဦးက သူ့ရှေ့မှာထိုင်နေတဲ့ရွိုင့်ကိုကြည့်ရင်းမေးလာခဲ့သည်။ဝန်ထမ်းကောင်လေးတွေကတော့ တစ်ယောက်တစ်ဖက်စီ အကင်စက်ဘေးမှာရပ်ကာ ရွိုင်တို့အတွက် ပင်လယ်စာအစုံကို ကင်ပေးနေကြသည်။
" ဒီဆိုင်လေးမှာစားရတာ သိပ်ကိုအရသာရှိပါတယ်"
ရွိုင်က ဟော်တယ်အသစ်ဆောက်မယ့်ပရောဂျက်အတွက် မြန်မာနိုင်ငံရဲ့ Top 7 သူဌေးကြီးဦးအောင်ကိုဝင်းနဲ့အတူ မန္တလေးကိုရောက်ရှိနေတာဖြစ်သည်။သူဌေးတွေအားလုံးက အသက်အရွယ်အရ ၄၀ကျော် ၅၀ကျော်တွေဖြစ်ပြီး ရွိုင်တစ်ဦးတည်းကသာလျှင် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သူဌေးကြီးစာရင်းဝင်နေတာဖြစ်သည်။သို့ပေမယ့်လည်း ရာထူးအဆင့်အတန်းနဲ့သာသတ်မှတ်ကြတဲ့အတွက် သူဌေးကြီးတွေအပြင် လုပ်ငန်းရှင်အားလုံးက ရွိုင့်ကိုတလေးတစားနဲ့ဆက်ဆံကြသည်။
အစားအသောက်ကောင်းကိုစားရရင် ချစ်ရတဲ့သူကိုသတိရတယ်ဆိုတာ တကယ်မှန်ပါသည်။ခုလိုမျိုးလေးတွေစားသောက်နေရတော့ ရွိုင့်စိတ်ထဲ မြိုင့်ကိုသိပ်သတိရမိသွားသည်။ တစ်ခေါက်လောက်တော့ မြိုင်နဲ့အတူတူ ဒီဆိုင်ကိုလာအုန်းမည်ဟု သူ့စိတ်ထဲမှာတွေးထားလိုက်သည်။
ရွိုင်ရောက်နေတဲ့ဆိုင်က BBQ ဆိုင်သီးသန့်ဖွင့်ထားတာမဟုတ်ဘဲ ဟော်တယ်တစ်ခုရဲ့အောက်ဆုံးထပ်မှာ ဖွင့်ထားတာဖြစ်သည်။ဆိုင်ကိုအလည်လာတဲ့သူတွေ တကူးတက အပြင်မှာတည်းစရာမလိုဘဲ ဒီမှာတင်တည်းလို့ရတဲ့အတွက် အတော်ကိုအဆင်ပြေပါသည်။ဆိုင်ထဲမှာလည်း သီးသန့်အခန်းတွေ၊ VIP အခန်းတွေဆိူပြီးထားရှိတာကြောင့် တစ်ခြားဆိုင်တွေလို လူအများနဲ့အနှောင့်အယှက်လည်း မဖြစ်ရတော့ပေ။
YOU ARE READING
ROYL (Ongoing)
ActionRed Flag ကြိုက်ရင် ဒါလေးဖတ် ❤ မွန်ဒီပမောင် (ROYL) + ရှိုင်းထက်မြိုင် ❤