Part 26

597 19 9
                                    



မြိုင်တစ်ယောက် မျက်လုံးတွေဖွင့်ချင်ပေမယ့်လည်း စူးရှနေတဲ့အလင်းရောင်ကြောင့် ချက်ချင်းမဖွင့်နိုင်ခဲ့။ခန္ဓာကိုယ်တစ်ခုလုံးဟာလည်း အားအင်မရှိသလိုလေးလံနေကာ လှုပ်လို့ပင်မရဖြစ်နေသည်။ လက်ရှိမည်သည့်နေရာကိုရောက်ရှိနေလဲဆိုတာကိုသိချင်တဲ့အတွက်ကြောင့် မျက်လုံးကိုမနည်းရုန်းကန်ပြီး ဖွင့်လှစ်ခဲ့တယ်။ မျက်စိဖွင့်လိုက်စဉ်ပထမဦးဆုံးတွေ့လိုက်ရတဲ့ အဖြူရောင်မျက်နှာကျက်ကြောင့် နေရာအသစ်ကိုရောက်နေမှန်းသူသိလိုက်ရသည်။ အခန်းတစ်ခုလုံးကိုမျက်စိနဲ့အနည်းငယ်ကစားလိုက်ပြီး ဝေ့ဝိုက်ကြည့်မိတော့ မိမိအိပ်နေတဲ့ကုတင်ဘေးမှာ မိမိရဲ့လက်တစ်ဖက်ကိုကိုင်ရင်း အိပ်ပျော်နေတဲ့မောင့်ကိုသူတွေ့လိုက်ရသည်။မောင့်ကိုသူနှိုးလိုက်ချင်ပေမယ့်လည်း အိပ်ရေးပျက်သွားမှာဆိုးတာကြောင့် ငြိမ်ငြိမ်လေးနေကာ အိပ်နေတဲ့မောင့်ပုံစံလေးကို အကြာကြီးစိုက်ကြည့်နေခဲ့သည်။

မြိုင့်ဘေးနားမှာတစ်ညလုံးထိုင်စောင့်နေပြီး မိုးလင်းခါနီးမှအိပ်ပျော်သွားပုံရကာအိပ်ချင်မူးတူးနဲ့ ရွိုင်နိုးလာခဲ့သည်။မျက်စိနှစ်ဖက်ဖွင့်ကာ ခေါင်းထောင်မိလိုက်တော့ သူ့ကိုပြုံးပြီးစိုက်ကြည့်နေတဲ့မြိုင့်ကိုတွေ့လိုက်ရသည်။ထိုအခါမှရွိုင်က ကပြာကယာနဲ့ကုန်းထလိုက်သည်။

"ဟင် မြိုင်နိုးလာပြီလား ခနလေးနော် မောင်ဆရာဝန်သွားခေါ်....."

"ဟင့်အင်း ခနလေးနေပါအုန်း"

မတ်တပ်ရပ်ကာ ဆရာဝန်သွားခေါ်ဖို့ပြင်နေတဲ့သူ့ရဲ့လက်ကို မြိုင်ကလှမ်းဆွဲထားသည်။

"ခနလောက် ငါ့အနားမှာနေပေးပါအုန်း"

သူ့လက်ကိုကိုင်ထားတဲ့မြိုင့်ရဲ့လက်ကလေးကို ရွိုင်က လက်နှစ်ဖက်လုံးနဲ့တစ်ဖန်ပြန်အုပ်ကိုင်လိုက်ပြီး ထိုင်ခုံမှာပြန်ထိုင်လိုက်သည်။

"အရမ်းနာနေသေးလား မောင့်အချစ်"

"အင်း မင်းမျက်နှာကိုမြင်ရတော့ တစ်ဝက်လောက်သက်သာသွားသလိုပဲ"

"မောင်မကောင်းတာပါ မောင့်ကြောင့်မြိုင်အခုလိုဖြစ်ရတာ"

"ငါသေတော့လည်းကောင်းတာပဲလေ မင်းနောက်တစ်ယောက်ရတာပေါ့"

ROYL (Ongoing)Where stories live. Discover now