Part 35

599 14 7
                                    



"သားကြီး ဒီနေ့အလုပ်ကိစ္စဆွေးနွေးဖို့ မိတ်ဆွေတစ်ယောက်နဲ့ချိန်းထားတာရှိတယ် အဲ့တာဒယ်ဒီနဲ့အတူတူလိုက်ခဲ့အုန်း"

မနက်စာစားနေစဉ် သတင်းစာဖတ်နေရင်းနဲ့ဒယ်ဒီက ကော်ဖီသောက်ကာ ပြောလိုက်တာကြောင့် မြိုင်မုန့်စားရင်းမှ ခေါင်းငြိမ့်လိုက်တယ်။

"ဟုတ်ဒယ်ဒီ ဘယ်အချိန်တွေ့မှာလဲ၊ ကျွန်တော် ညီညီ့ကိုကျောင်းလိုက်ပို့ရအုန်းမယ်"

"နေ့လည်လောက်မှပါ ဒယ်ဒီ့တပည့်တစ်ယောက်နဲ့ကားလွှတ်လိုက်မယ်"

"ကောင်းပါပြီ"

မနက်စာစားပြီးသွားတော့ အဝတ်အစားလဲကာပြင်ဆင်လိုက်ပြီး ညီညီ့ကိုကျောင်းပို့ဖို့အတွက် လုပ်ရသည်။ ကလေးတွေနဲ့တွေ့ရမှာဖြစ်တဲ့အတွက် ရေမွှေးကို ကလေးတွေအကြိုက် ချိုချဉ်ရနံ့သင်းသင်းလေးနဲ့စိတ်ကိုပျော်ရွှင်စေမယ့်ရေမွှေးမျိုးကို မှန်ဘီဒိုထဲကနေရွေးချယ်ကာ ထုတ်ယူလိုက်ပြီး လည်ပင်းနဲ့လက်ကောက်ဝတ်တစ်ဝိုက်မှာ ဆွတ်လိုက်သည်။

ဒီအချိန်ဆိုရင် ဒယ်ဒီလည်းအလုပ်သွားပြီဖြစ်တာကြောင့် ရွိုင့်ကိုလည်းလိုက်ပို့စေရန်အတွက် သူတွေးမိလိုက်တယ်။ စားပွဲခုံပေါ်က ဖုန်းကိုလှမ်းယူကာ contact ထဲကမောင်မောင်ရွိုင့်ကိုဖုန်းခေါ်လိုက်သည်။

တူ....တူ.....

*ဟဲ...လို*

တစ်ဖက်ကအိပ်ချင်မူးတူးအသံနဲ့ဖုန်းဖြေသံကိုကြားလိုက်ရတာကြောင့် ရွိုင်အခုချိန်ထိအိပ်နေသေးပုံရသည်ဟု မြိုင်ခန့်မှန်းမိလိုက်တယ်။

*မောင် မင်းအခုချိန်ထိမထသေးဘူးလား*

*ဟင့်အင်း မနေ့ညကအလုပ်လုပ်တာ ညဉ့်နက်သွားလို့*

*အာ ...အဲ့တာဆိုရင်လည်းဆက်အိပ်လိုက်အုန်း*

*ဟင့်အင်း မအိပ်တော့ဘူး အခုထပြီ၊ မြိုင်က မောင့်ကိုဘာပြောစရာရှိလို့လဲ*

*ဒီနေ့ညီညီ့ကိုကျောင်းလိုက်ပို့ပေးမလို့လေ*

*အွန်း မောင်လိုက်ပို့မယ်လေ ဘယ်ချိန်သွားမှာလဲ*

*၈နာရီ*

*ဟင်! အခုတောင် ၇:၄၅မိနစ်ရှိနေပြီလေ*

ROYL (Ongoing)Where stories live. Discover now