ချမ်းသာခြင်းဆိုတဲ့ခေါင်းစဉ်နောက်မှာ တရားဝင်လုပ်ငန်းတွေအပြင် တရားမဝင်လုပ်ငန်းများလည်းရှိပါသည်။လက်နက်တင်သွင်းခြင်း၊ ရှေးဟောင်းပစ္စည်းများအရောင်းအဝယ်လုပ်ခြင်း၊ သစ်လုပ်ငန်းနဲ့ ကျောက်လုပ်ငန်းအစရှိသဖြင့် နိုင်ငံခြားသို့တင်ပို့လို့ရမယ့်ပစ္စည်းမှန်သမျှကိုတင်ပို့ကြသည်။ တရားဝင်လုပ်ငန်းတွေမှာ သမာသမတ်ကျကျနဲ့လူကြီးလူကောင်းဆန်စွာလုပ်ကိုင်ကြပေမယ့် တရားမဝင်လုပ်ငန်းတွေမှာဆိုရင်တော့ဖြင့် သူ့ထက်ငါအပြိုင်အဆိုင်အလုအယက်ဖြင့် အချင်းချင်းတိုက်ခိုက်ကြကာ နိုင်တဲ့သူအကုန်စားဆိုတဲ့ပုံစံမျိုးဖြင့် လုပ်ကြတာဖြစ်သည်။
ဒီနေ့ တရုတ်ဘက်ကိုပစ္စည်းပို့ပေးဖို့အတွက် ဇိမ်ခံသင်္ဘောကြီးနဲ့ Dollar 20million တန်ဖိုးရှိတဲ့ ကျောက်စိမ်းတွေကိုပို့ဆောင်ပေးရန် ရွိုင်ကိုယ်တိုင်နယ်စပ်ဒေသဆီသိူ့ private jet နဲ့သွားဖို့ပြင်ဆင်နေတာဖြစ်သည်။ Suit ကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်ဝတ်ဆင်နေစဉ် ရွိုင့်အခန်းရဲ့ကုတင်ခေါင်းရင်းနားဆီက အချက်ပေးခလုတ်မြည်သံကြောင့် ရွိုင်စိုးရိမ်တကြီးနဲ့ တစ်ဖက်အခန်းဆီသို့ပြေးလိုက်မိ၏။ ရွိုင်က ရှိုင်းထက်မြိုင်ရဲ့အခန်းမှာ အချက်ပေးခလုတ်တပ်ဆင်ပေးထားတာဖြစ်ပြီး စက်က ရွိုင့်အခန်းနဲ့ဆက်သွယ်ပေးထားတာဖြစ်သည်။ တစ်ဖက်အခန်းဆီသို့ရောက်တော့ ကုတင်ပေါ်မှာဒူးထောင်ကာ ခေါင်းငုံ့ပြီးထိုင်နေတဲ့ကောင်လေးကြောင့် ကောင်လေးရှိရာသို့ပြေးသွားမိသည်။
"ရှိုင်းလေး ဘာဖြစ်တာလဲ "
ကုတင်ပေါ်တက်ကာ ရှိုင်းလေးရဲ့ပုခုံးကို လက်နဲ့လှမ်းကိုင်ပြီးမေးလိုက်တော့ ရှိုင်းလေးက သူ့ကိုခုန်ဖက်လာတာကြောင့် လူကအင့်ကနဲပဲ။ရုတ်တရက်မို့ ရွိုင်လည်းကြောင်သွားပေမယ့် ကောင်လေးကငိုနေတာဆိုတော့ ရွိုင်လည်းအလိုက်သင့်ပြန်ဖက်ပေးလိုက်ပြီး ကျောပြင်လေးကိုလက်နဲ့သပ်ချပေးနေမိသည်။
"ကိုကို.. အဟင့်အဟင့်"
"ရှိုင်းလေး ဘာလို့ငိုနေတာလဲ ကိုယ့်ကိုပြောပါအုန်း "
"ရှိုင်းလေးအိမ်မက်ဆိုးမက်လို့ပါကိုကို"
"ဟင်...ဘယ်လိုအိမ်မက်ဆိုးမို့လို့ ရှိုင်းလေးကငိုရတာလဲ"
YOU ARE READING
ROYL (Ongoing)
حركة (أكشن)Red Flag ကြိုက်ရင် ဒါလေးဖတ် ❤ မွန်ဒီပမောင် (ROYL) + ရှိုင်းထက်မြိုင် ❤