ရှယ်ယာရှင်တွေနဲ့အစည်းအဝေးပြုလုပ်ပြီးတဲ့အချိန် ရုံးခန်းထဲပြန်ဝင်ကာ အနားယူဖို့ပြင်နေတဲ့ ဦးရှိုင်းထက်သာဆီသို့ သူ့ရဲ့အတွင်းရေးမှူးကောင်လေးက ပြေးလာသည်။"သူဌေး ဧည့်သည်တစ်ယောက်က သူဌေးကိုတွေ့ခွင့်တောင်းနေပါတယ်"
"ဘယ်သူတဲ့လဲ"
ဦးရှိုင်းထက်သာရဲ့အနောက်မှာရပ်နေတဲ့ ဦးကျော်အေးဆီကအသံထွက်ပေါ်လာခဲ့သည်။ ဦးကျော်အေးဆိုတဲ့လူက ဦးရှိုင်းထက်သာကိုအနီးကပ်စောင့်ရှောက်ပေးရသူဖြစ်ပြီး လက်ရုံးတော်ဆိုလည်းမမှားပေ။ဗလတောင့်တောင့်အရပ်မြင့်မြင့်နဲ့ ကိုယ်ခံပညာရေးရာမှာ တော်လွန်းတဲ့ ဦးကျော်အေးက လူအယောက် ၂၀ကိုအသာလေးချနိုင်သည်။
"စိုင်းနွံဟန်လျန်းလို့ ပြောတယ်ဗျ"
"သူဌေးတွေ့ချင်လား"
ဦးကျော်အေးကမေးလေတော့...
"အေး ဝင်လာခိုင်းလိုက်"
ပြောပြီးပြီးချင်း ဦးရှိုင်းထက်သာက ရုံးခန်းထဲကိုဝင်လာလိုက်ပြီး ဆိုဖာပေါ်မှာမှီထိုင်ကာ ခြေထောက်နှစ်ချောင်းကိုလည်း စားပွဲခုံပေါ်တင်လိုက်သည်။တစ်မနက်ခင်းလုံး အလုပ်ပင်ပန်းနေတာကြောင့် မျက်စိစုံမှတ်ကာ ခနအနားယူနေမိသည်။
ခနကြာတော့ တံခါးခေါက်သံကိုကြားရပြီး ရုံးခန်းထဲသို့ဝင်လာတဲ့ခြေသံကိုပါကြားလိုက်ရသည်။
"မင်္ဂလာပါ ဦးရှိုင်းထက်သာ"
အသံကြောင့် ဦးရှိုင်းထက်သာရဲ့မျက်ဝန်းအစုံဟာ ပွင့်ဟလာခဲ့သည်။ဦးရှိုင်းထက်သာ သူ့ရှေ့မှာရပ်နေတဲ့ စိုင်းနွံဟန်လျန်းကို ကြည့်လိုက်တယ်။နွံဟန်လျန်းရဲ့မျက်နှာကိုတွေ့လိုက်ရချိန် သူ့သားကို ဒုက္ခရောက်အောင်လုပ်ခဲ့တဲ့သူဖြစ်တဲ့အတွက် ဒေါသစိတ်တွေကဖြစ်ပေါ်လာခဲ့ပြီး ထိုနေရာမှာတင် သတ်ပစ်ချင်စိတ်ကပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။ သို့ပေမယ့်လည်း စိုင်းနွံကြာဆိုင်နဲ့က စီးပွားရေးပါတနာမျက်နှာလည်းရှိနေသေးတာကြောင့် လူငယ်အချင်းချင်းဖြစ်တဲ့ကိစ္စကြားထဲ မဝင်မိအောင်နေနေရခြင်းဖြစ်သည်။
YOU ARE READING
ROYL (Ongoing)
ActionRed Flag ကြိုက်ရင် ဒါလေးဖတ် ❤ မွန်ဒီပမောင် (ROYL) + ရှိုင်းထက်မြိုင် ❤