Part 20

845 16 2
                                    

"မင်းကိုမောင်သိပ်ချစ်တယ် မြိုင်ရယ်"

"ငါလည်း မောင့်ကို ထပ်တူချစ်ပါတယ်"

"....................."

မြိုင်ပြောလိုက်တော့ အနားမှာရှိနေတဲ့သူက ဘာလှုပ်ရှားမှုမှမရှိတော့တဲ့အပြင် အတောင့်လိုက်ကြီးရပ်ကာ သူ့ကိုအံ့ဩသလိုပြူးပြီးကြည့်နေသည်။

မြိုင်တစ်ယောက် ရွိုင့်မျက်နှာရှေ့တည့်တည့်လက်ဆန့်ကာ လက်ဖျောက်တီးလိုက်ပြီး

"ဟေး ငါပြောတာကောကြားလား"

"မြိုင် ..မင်းကွာ..."

ရွိုင့်ရဲ့အသံတုန်ရီနေတာကို မြိုင်သတိထားမိလိုက်သည်။မြိုင်က သွားတက်လေးများပေါ်အောင် ရယ်မောလိုက်လေတော့ ကိုယ်တော်ချောက မြိုင့်လက်ကိုလှမ်းဆွဲကာ ရင်ခွင်ထဲဆွဲသိမ်းလိုက်တော့သည်။

"မင်း မောင့်ကိုလိမ်ညာနေတာတော့ မဟုတ်ပါဘူးနော်"

"မယုံလည်း မင်းသဘောပဲ"

ရွိုင့်စကားကြောင့် မြိုင်စိတ်ဆိုးသွားရကာ ရင်ခွင်ထဲကနေ ရုန်းထွက်မယ်ပြင်တော့ ရွိုင်က အလွှတ်မခံပေ။

"ဟင့်အင်း မောင်ယုံပါတယ် မောင်ကသေချာအောင်လို့မေးတာပါကွာ"

ရွိုင့်အသံဟာ တုန်ရီနေကာ နှလုံးခုန်သံတွေတောင် အလွန်လေးမြန်ဆန်နေမှန်း ရင်ဘတ်ချင်းကပ်နေတဲ့အတွက် ရွိုင့်နှလုံးခုန်နှုန်းကို သူသတိထားမိတာဖြစ်သည်။

"ဖြစ်ပျက်ခဲ့တဲ့အတိတ်ကကိစ္စတွေကြောင့် မင်းငါ့ကိုချက်ချင်းကြီးမယုံနိုင်သေးဘူးဆိုတာကို ငါနားလည်ပါတယ် ဒါပေမယ့်ကွာ မင်းငါ့ကိုမယုံနိုင်သေးရင်တောင်မှ ငါ့ရင်ခုန်သံကိုတော့ မင်းယုံကြည်ပေးမယ်မလား"

ရွိုင့်ရဲ့လက်ကိုဆွဲယူလိုက်ပြီး မြိုင်က သူ့ရင်ဘတ်မှာထိကပ်ကာ ခံစားစေလိုက်သည်။

နူးညံ့တဲ့လက်ဖဝါးရဲ့နွေးထွေးတဲ့အထိအတွေ့က ပါးလျတဲ့အင်္ကျီကိုထိုးဖောက်ကာ ခန္ဓာကိုယ်အရေပြားမှတစ်ဆင့် နှလုံးသားထဲသို့ စိမ့်ဝင်သွားသည်။

ROYL (Ongoing)Where stories live. Discover now