ဒီနေ့အင်းလေးသွားလည်ကြဖို့လုပ်ထားတာဖြစ်တဲ့အတွက် မြိုင်က ညီညီ့ကိုအဝတ်အစားလဲပေးလိုက်ပြီး သူကိုယ်တိုင်လည်းအဝတ်အစားလဲလိုက်သည်။ မြိုင်က တီရှပ်လက်ရှည် ကာကီရောင်နဲ့စတိုင်ပန်ဘောင်းဘီအနက်ရောင်ကိုဝတ်ဆင်ထားပြီး လည်ပင်းမှာလည်း ပလက်တီနမ်ဆွဲကြိုးသေးသေးလေးတစ်ခုကိုပါ ဝတ်ဆင်လိုက်သည်။ဆွဲကြိုးနဲ့လိုက်ဖက်ညီမယ့် နားကပ်တစ်ခုကိုလည်းဝတ်ဆင်လိုက်ကာ ခရီးဆောင်အိတ်ထဲက သူယူလာသည့်ရေမွှေးတွေထဲကနေ Fresh ဖြစ်စေမယ့်ရနံ့ပါဝင်တဲ့ ရေမွှေးတစ်ပုလင်းကိုပါယူလိုက်ပြီး ကိုယ်အနှံ့ဖြန်းလိုက်သည်။
ဒေါက်......ဒေါက်
"မြိုင်ရေ"
တံခါးခေါက်သံနဲ့အတူ သူ့နာမည်ကိုခေါ်ပြီးအခန်းထဲဝင်လာတဲ့ရွိုင့်ကို မြိုင်ကြည့်မိလိုက်တယ်။ ရွိုင်က All black fashion ကိုမှ ချည်အပျော့သားနဲ့ပြုလုပ်ထားတဲ့အင်္ကျီကိုဝတ်ဆင်ထားတာကြောင့် ရွိုင့်ကိုကြည့်ရတာ ပူအိုက်မနေပေ။
"ပြီးပြီလား မြိုင်"
"ပြီးပြီ အခုပဲဆင်းလာမလို့လုပ်နေတာ"
ရွိုင်က မြိုင့်ကိုလှမ်းဖက်ကာ မြိုင့်ရဲ့လည်ပင်းနဲ့ပုခုံးကြားဆီသိူ့ ဦးခေါင်းလေးတိုးဝှေ့လိုက်သည်။
"မြိုင့်ကိုယ်ကရတဲ့ရနံ့လေးက မွှေးနေတာပဲကွာ"
"ရေမွှေးစွတ်ထားတာလေ"
"မြိုင့်ဆီကရတဲ့ ရေမွှေးနံ့လေးတွေက တစ်ခါနဲ့တစ်ခါ အနံ့မတူဘူးနော် ပြီးတော့ အနံ့လေးတွေအားလုံးကလည်း ခေါင်းမရှုပ်စေဘဲနဲ့ အနံ့တစ်မျိုးချင်းဆီကိုက စွဲဆောင်မှုရှိသလိူမျိုးလေးဖြစ်နေတာကွာ... ဘာ brand သုံးတာလဲ မောင့်ကိုပြောပြပါလား မောင်လည်းမြိုင်နဲ့အတူတူလိုက်သုံးချင်လို့"
"ငါသုံးတဲ့ရေမွှေးတွေက ဘာ brand မှမဟုတ်ဘူး ငါ့သူငယ်ချင်းတစ်ယောက်က ရေမွှေးကုမ္ပဏီထောင်ထားတာလေ သူ့ဆီကနေ ငါလိုချင်တဲ့ရေမွှေးတွေကိုပြောပြီး limited edition လုပ်ခိုင်းလိုက်တာ အခုငါသုံးတဲ့ရနံ့လေးဆိုရင် သစ်သားရနံ့နဲ့ နှင်းဆီရနံ့ကိုရောထားတာ မင်းလိုချင်ရင် နောက်ကျရေမွှေးတွေလက်ဆောင်ပေးမယ်လေ"
YOU ARE READING
ROYL (Ongoing)
ActionRed Flag ကြိုက်ရင် ဒါလေးဖတ် ❤ မွန်ဒီပမောင် (ROYL) + ရှိုင်းထက်မြိုင် ❤