Part 23

749 19 6
                                    



အရုဏ်မနက်ခင်းအချိန်အခါဝယ် သူရိန်နေမင်းကြီးက အရှေ့ဘက်တောင်တန်းတွေကြားထဲကနေ တစ်လိမ့်လိမ့်မြင့်တက်လာပြီး ကောင်းကင်တစ်ခွင် အလင်းရောင်များဖြန့်ကျက်သွားခဲ့သည်။ ထင်းရှူးပင်တွေကြားမှာ အသိုက်ဆောက်ပြီးနေထိုင်နေကြတဲ့ ငှက်များဟာလည်း အစာရှာထွက်ဖို့အတွက် တကျီကျီအော်ကာ ပျံသန်းနေကြပြီဖြစ်သည်။ပြတင်းပေါက်ကိုဖြတ်သန်းကာ အခန်းထဲကိုဝင်ရောက်လာတဲ့ နေရောင်ခြည်ကြောင့် မြိုင် အိပ်ချင်မူးတူးနဲ့နိုးလာခဲ့သည်။ မျက်စိဖွင့်လိုက်စဉ် တွေ့လိုက်ရတဲ့အခန်းအနေအထားကြောင့် ရုတ်တရက်ကြီးကြောင်,အသွားခဲ့ပြီးမှ မိမိရောက်နေသည်မှာ ရန်ကုန်အိမ်မှာမဟုတ်မှန်းသတိရမိလိုက်တယ်။အိပ်ယာအသစ်မှာအိပ်ရတဲ့အချိန်တိုင်း ဒီလိုအတွေ့အကြုံက မြိုင့်အတွက် ဖြစ်နေကျအလေ့အကျင့်တစ်ခုလိုပင်ဖြစ်နေသည်။

လက်နှစ်ဖက်ကိုဆန့်ထုတ်၍ အကြောဆန့်လိုက်ပြီးနောက် အိပ်ယာပေါ်မှဆင်းကာ ပြတင်းပေါက်ဆီသို့ ဦးတည်သွားလိုက်​၏။ နှစ်ရှည်ကြာမြင့်လောက်ပြီဟုထင်ရသည့် ထင်းရှူးပင်ကြီးတစ်ပင်ပေါ်မှာ အသိူက်လေးတစ်ခုကို မြိုင်တွေ့လိုက်ရပြီး ထိုအသိုက်ဆီသို့ ငှက်လေးနှစ်ကောင်ဟာ အစာချီကာ ခေါက်တုန့်ခေါက်ပြန်နဲ့လူးလားပျံသန်းနေကြတာကို သူလိုက်ကြည့်နေမိသည်။

ဒေါက် ဒေါက်......

ထိုစဉ်အပြင်ကနေ တံခါးခေါက်သံကြားလိုက်ရတာကြောင့် မြိုင်အနောက်ကိုကြည့်မိလိုက်တယ်။

"ဝင်ခဲ့ပါ"

သူ့စကားသံအဆုံး တံခါးဟာပွင့်ဟလာပြီး တံခါးနောက်မှာ စိုင်းနွံဟန်လျန်းကိုသူတွေ့လိုက်ရသည်။

"ကိုရှိုင်းကို မနက်စာစားဖိူ့လာခေါ်တာပါ"

"အားနာစရာကြီးဗျာ ကျွန်တော့်ကိုတကူးတကကြီးလာခေါ်ပေးနေရတယ် "

"ရပါတယ်ဗျ ကျွန်တော်ကအိမ်ရှင်ပဲဟာ၊ ဒါနဲ့မနေ့ညက အိပ်လို့ပျော်ရဲ့လားဗျ"

"ဟုတ်ကဲ့"

"ဒါဆို ကျွန်တော်အောက်မှာစောင့်နေမယ်နော် မျက်နှာသစ်ပြီးရင်ဆင်းလာခဲ့ပါဗျ"

ROYL (Ongoing)Where stories live. Discover now