Part 33

431 13 2
                                    



ထိုစဉ် ဆေးခန်းထဲကနေ ထွက်လာတဲ့သူကိုမြင်လိုက်ရတာကြောင့် သျှန်ခ မျက်စိပြူးသွားတော့သည်။

"ဟင်!! "

ဒေါက်တာက ဘာလို့ဒီကိုရောက်နေတာလဲ...

ဆေးခန်းပိတ်တော့မယ်လုပ်နေစဉ် ကားသံတွေကြားလိုက်ရတာကြောင့် ယမင်းနွယ်အောင် အရှေ့ကိုထွက်ကြည့်မိလိုက်တယ်။ ဆေးခန်းရှေ့မှာ ကားတွေရပ်ထားပြီး ဒဏ်ရာရထားတဲ့လူတစ်ချို့နဲ့အတူ ဆေးရုံအုပ်ကြီးရဲ့တူတွေကိုပါတွေ့လိုက်ရတာကြောင့် သူမအံ့ဩသွားခဲ့တယ်။ဘယ်ကနေဘယ်လိုဖြစ်ပြီးဒီကိုရောက်နေကြတာပါလိမ့်။

"ဟို..ဘာဖြစ်ကြတာလဲရှင့်"

ယမင်းနွယ်အောင်ကမေးလိုက်တော့ ရွိုင်က...

"ကျွန်တော့်တပည့်တွေ ဒဏ်ရာရလာလို့ ဆေးလာထည့်တာပါ"

"ဟုတ်ကဲ့ ဒဏ်ရာရတဲ့သူတွေအထဲကိုဝင်လာခဲ့ပါနော်"

ဒဏ်ရာရတဲ့ကောင်လေးတွေက ဆေးခန်းထဲကိုဝင်သွားလိုက်တာကြောင့် သူတို့တွေကို ဆေးခန်းမှာခန့်အပ်ထားတဲ့ nurse သုံးယောက်က ဆေးထည့်ပေးနေသည်။ ရွိုင်တို့ကတော့ ဒဏ်ရာမရလာခဲ့ပေမယ့်လည်း သျှန်ခရဲ့နဂိုသေနတ်ဒဏ်ရာက အရှင်းမပျောက်သေးသဖြင့် ပုခုံးကနေသွေးတစ်ချို့က အင်္ကျီအဖြူမှာစွန်းထင်းနေခဲ့သည်။သျှန်ခက သူကိုယ်တိုင်ပင် သတိမထားမိလိုက်ပေမယ့် ဒဏ်ရာကိုတွေ့သွားပြီဖြစ်တဲ့ ယမင်းနွယ်အောင်က သျှန်ခရှိရာဆီသို့အလျှင်အမြန်ပင်သွားလိုက်သည်။

"အယ်! သွေးတွေထွက်နေပြီ"

ယမင်းနွယ်အောင်ပြောတော့မှ သျှန်ခက သူ့ရဲ့ဘယ်ဘက်ပုခုံးကိုကြည့်မိလိုက်သည်။ ရန်ဖြစ်တုန်းက အားထည့်သုံးလိုက်လို့ အနာပြဲသွားပုံရသည်။

"ဒဏ်ရာကိုသေချာဂရုစိုက်ပါလို့ ရှင့်ကိုမှာခဲ့တယ်လေ! နေ့လည်ကမှမှာလိုက်တာ ညနေကျတော့ပြန်ဖြစ်တာပဲလား! တစ်ရက်လေးတောင်မကြာသေးဘူး အနာကချုပ်ရိုးပြန်ပြေသွားပြီထင်တယ်"

တရဆက်ပြောနေတဲ့ဒေါက်တာနဲ့ အပြစ်လုပ်ထားတဲ့အတွက် ဘာစကားမှခွန်းတုံ့မပြန်ဘဲ ငြိမ်ခံနေတဲ့သူတို့သူငယ်ချင်းကို ရွိုင်တို့မျက်တောင်မခတ်တမ်းစိုက်ကြည့်နေမိသည်။သူတို့နှစ်ယောက်ကြားမှာ ထူးခြားတာတစ်စုံတစ်ခုဖြစ်ပေါ်လာတော့မည့်အရိပ်အယောင်မျိုးကို ရွိုင်တို့တွေ့လိုက်ရသည်။အဖေဖြစ်သူကတောင် ပြောလို့မနိုင်တဲ့အတွက် လွှတ်ထားရတဲ့သူကို အမိန့်သံတွေနဲ့တစ်ခွန်းပြီးတစ်ခွန်းပြောဆိုနေတဲ့ ဒေါက်တာ့ကိုကျ ပြန်ပြောဖို့နေနေသာသာ မျက်နှာငယ်လေးနဲ့ရပ်နေတဲဲ့သျှန်ခတစ်ယောက်ရယ်ပါ။

ROYL (Ongoing)Where stories live. Discover now