Part 9

986 26 2
                                    

ရွိုင်မြေအောက်ခန်းကနေ မိမိရဲ့စာကြည့်ခန်းဆီသို့ပြန်တက်လာခဲ့ပြီး စာအုပ်စင်ကို နဂိုမူလအတိုင်းဖြစ်အောင်လို့ပြန်ပြင်ထားလိုက်သည်။ ထို့နောက် လှို့ဝှက်ခန်းတစ်ခန်းဖြစ်တဲ့စာကြည့်ခန်းထဲကပါထွက်လာလိုက်ပြီး သူ့အခန်းဆီပြန်ရောက်တော့ နံရံခလုတ်ကိုပိတ်ကာ ကုတင်ဘက်ဆီသို့သွားလိုက်သည်။ ကုတင်ဘေးနားရောက်တော့ ရှိုင်းလေးက ခုထိအိပ်ယာကမထသေးပေ။

"ဒီအချိန်ထိအိပ်ရင်တော့ ဖျားတော့မှာပဲ"

ညနေစောင်းနေပြီဖြစ်သောကြောင့် ရွိုင်တစ်ယောက် ရှိုင်းလေးကိုနှိုးဖို့လုပ်ရတော့သည်။

"ရှိုင်းလေး"

"ရှိုင်းလေး"

"ရှိုင်းလေး ထတော့လေ ညနေရောက်နေပြီ"

အဲ့ကျမှ ကုတင်ပေါ်ကကောင်လေးက အွန်း အဲနဲ့ကုတင်ပေါ်မှာလူးလိမ့်နေတော့သည်။

"ရှိုင်းလေး ထတော့ဆိုကွာ"

"ခနလေးပဲကိုကိုရဲ့ ကျွန်တော်အိပ်ချင်သေးတယ်"

"ကိုယ်က ရှိုင်းလေးနဲ့အပြင်သွားဖို့စဉ်းစားနေတာ ရှိုင်းလေးကဆက်အိပ်နေအုန်းမယ်ဆိုရင်တော့ မသွားတော့ပါဘူးလေ"

"ဟင် ကိုကိုကဘယ်သွားမလို့လဲ"

အခုမှပြူးတူးပြဲတဲနဲ့ထပြီး သူရှိမယ့်နေရာကို လက်လေးနဲ့လိုက်စမ်းပြီးမေးနေတဲ့ ကောင်လေးကြောင့် ရွိုင် ရယ်မိသွားသည်။

"သိချင်ရင် မျက်နှာသစ်အဝတ်အစားအရင်လဲလိုက် ကိုယ်လိုက်ပို့မယ်"

"ဟီး ဟုတ်ကဲ့ကိုကို "

အပြင်သွားရမယ်ဆိုတော့ ပြုံးပျော်နေတဲ့ကောင်လေးကြောင့် ရွိုင် ပြုံးလိုက်မိသည်။ အမြင်အာရုံမကောင်းမွန်လို့ သူ့ကိုအိမ်ထဲမှာပဲခေါ်ထားခဲ့တာဖြစ်ပြီး တစ်ပတ်လောက်အိမ်ထဲအောင်းနေရတော့ ဒီကောင်လေးပျင်းနေရှာမှာပေါ့။ အဲ့အတွက်ကြောင့် ညနေခင်းအချိန်လေး မြို့ထဲကားပတ်မောင်းပြီး လေညှင်းခံထွက်စေချင်တဲ့သဘောနဲ့ ရွိုင်ပြောလိုက်ခြင်းဖြစ်လေသည်။

အပြင်သွားရမယ်ဆိုပြီးတက်ကြွနေတဲ့ကောင်လေးကို ကုတင်ပေါ်ကနေဆင်းဖို့အတွက်ကူတွဲပေးလိုက်ပြီး သူ့အခန်းထဲထိခေါ်သွားပေးလိုက်သည်။ ထို့နောက် ရေချိုးခန်းအဝထိလိုက်ပို့လိုက်ပြီး တံခါးကိုမပိတ်ဘဲထားလိုက်ကာ ရွိုင်လည်း ကောင်လေးဝတ်ဖို့အတွက်အဝတ်အစားတစ်စုံထုတ်နေလိုက်သည်။

ROYL (Ongoing)Where stories live. Discover now