Part 6

969 27 0
                                    

ကျောက်သူဌေးတွေနဲ့လုပ်ငန်းဆွေးနွေးပြီးနောက် အိမ်သို့ပြန်မယ်လုပ်တော့ ဝင်လာတဲ့ဖုန်းကောလ်ကြောင့်သူကြည့်မိလိုက်စဉ် ဖုန်းခေါ်ဆိုသူက သူရနေဇော်ဖြစ်နေသည့်အတွက် သူဖုန်းကိုင်လိုက်သည်။

"အင်း အခြေအနေဘယ်လိုရှိလဲ"

"ဆေးကုသမှုမခံယူဘဲ သောင်းကျန်းနေလို့ သီးသန့်ခန်းထဲမှာပြောင်းရွှေ့ထားရပါတယ် ဘော့စ်"

နှစ်ယောက်တည်းရှိနေချိန်ကလွဲပြီး ကျန်တဲ့အချိန်တွေဆိုရင် သူရနေဇော်က Royl ကို ဘော့စ် သို့မဟုတ် သခင်လေးလို့ခေါ်တတ်သည်။

"အေး ငါလာခဲ့မယ်"

ကားမောင်းနေတဲ့ သူ့လူယုံကို အိမ်တော်ဆီမမောင်းခိုင်းတော့ဘဲ ဆေးရုံကိုအရင်သွားဖို့အမိန့်ပေးလိုက်ပြီး ထိုင်ခုံနောက်ကျောကို ခေါင်းနောက်လှန်ချကာ မျက်စိမှိတ်ရင်း သူလိုက်လာခဲ့သည်။ဆေးရုံသို့ရောက်တော့ သူရနေဇော်က အရှေ့မှာထွက်စောင့်နေတာကြောင့် Royl လည်း သူရနေဇော်ခေါ်သည့်နောက် လိုက်လာခဲ့လိုက်သည်။ မျက်မမြင်ကောင်လေးရှိရာ သီးသန့်ခန်းထဲရောက်တော့ Royl က တံခါးကိုအသာအယာတွန်းဖွင့်လိုက်ပြီး အခန်းထဲဝင်လာလိုက်သည်။ သီးသန့်ခန်းထဲက ကုတင်ပေါ်မှာ ထိုင်နေတဲ့ကောင်လေးက သူလာနေတာကိုသိပုံမရဘဲ သူ့ကိုကျောပေးပြီးထိုင်နေလေသည်။

"ကျုပ်ဆေးမကုချင်ဘူးလို့ပြောပြီးပြီနော်"

သူ့ကို ဆရာဝန်လို့ထင်နေပုံရပြီး ပတ်ခနဲပြောလာတဲ့ကောင်လေးကြောင့် Royl ထိုကောင်လေးရှိရာဘက်သို့သွားလိုက်သည်။ ခုနတုန်းက အလုပ်ကိစ္စကြောင့်နဲ့အရေးကြီးနေတာမို့ ကောင်လေးကိုအမှတ်တမဲ့ပဲကြည့်မိလိုက်တာ အခုသေချာကြည့်လိုက်တော့ ကောင်လေးရဲ့ရုပ်ရည်က တော်တော်ချောပြီး အသားအရည်ကလည်းဖွေးစွတ်နေသည်။ဇင်ယော်တောင်မျက်ခုံးနဲ့ အညိုရောင် မျက်ဝန်းတွေအပြင် မထူမပါးနှုတ်ခမ်းသားရဲရဲလေးက အကြည့်မလွဲချင်လောက်အောင် ဆွဲဆောင်နေသည်။ ခပ်အုပ်အုပ်ဆံပင်လေးကို အညိုရောင်ဆိုးထားတာကြောင့် ထိုကောင်လေးက ရှိရင်းစွဲထက် ပိုနုနယ်နေသယောင်။ အရပ်အမောင်းက သူနဲ့မတိမ်းမယိမ်းရှိပုံရကာ အသက်အရွယ်ကလည်းကွာခြားမယ့်ပုံမပေါ်ပေ။ ခြားနားတာတစ်ခုကတော့ ဝတ်စုံအပြည့်နဲ့သူက လူကြီးလူကောင်းဆန်တဲ့ပုံစံပေါက်နေပြီး ဟူဒီအနက်ရောင်နဲ့ ဂျင်းဘောင်းဘီအပြာရောင်ဝတ်ဆင်ထားတဲ့ကောင်လေးက လူငယ်ဆန်တဲ့အသွင်အပြင်ပေါက်နေသည်။

ROYL (Ongoing)Where stories live. Discover now