Part 31

422 19 1
                                    



ဒီနေ့မနက် မြိုင်တစ်ယောက် မှန်ရှေ့မှာရပ်နေမိတာအတော်လေးကြာနေပြီဖြစ်သည်။ပထမဦးဆုံးအကြိမ်လုပ်ငန်းခွင်ဝင်ရတော့မယ့်သူ့အတွက် ဘယ်လိုပုံစံမျိုးက လိုက်ဖက်သလဲဆိုတာကို စဉ်းစားပြီးတော့ တစ်မျိုးပြီးတစ်မျိုးပြောင်းလဲနေတာဖြစ်သည်။မြိုင်က သူတို့မိသားစုပိုင်ဆိုင်တဲ့ Shine company ရဲ့လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်တဲ့ Light company ရဲ့ CEO အဖြစ်နဲ့တာဝန်ယူဖို့လိုက်ခံခဲ့လိုက်တာဖြစ်သည်။မြိုင်က နိုင်ငံခြားမှာကတည်းက ပညာတွေသင်ယူလာခဲ့တာဖြစ်တဲ့အတွက် ကုမ္ပဏီတစ်ခုကိုဦးစီးဖို့ဆိုတာ သူ့အတွက်လုံလောက်တဲ့အရည်အချင်းတွေက အပြည့်အဝရှိပြီးသားပင်ဖြစ်သည်။

မြိုင်အလုပ်လုပ်မယ်ဆိုတဲ့အကြောင်းကို ရွိုင့်အားမပြောပြရသေးပေ။ သူ့အနေနဲ့ ရွိုင့်ကိုတမင်မပြောပြတာမဟုတ်ဘဲ ဒယ်ဒီပွဲထုတ်တဲ့နေ့မှ ရွိုင့်ကိုပါ surprise ဖြစ်စေချင်တဲ့အတွက် မပြောပြသေးတာဖြစ်သည်။အခုလောလောဆယ်တော့ အလုပ်သွားဖို့အတွက် suit နဲ့ဆံပင်ကို သေချာပြင်လိုက်ပြီး Rolex နာရီတစ်လုံးကိုပါ ဝတ်ဆင်လိုက်ကာ အလုပ်သွားဖို့အတွက်သင့်လျော်တဲ့ရေမွှေးတစ်ခုကိုလည်းရွေးယူပြီး ခန္ဓာကိုယ်အနှံ့ဆွတ်လိုက်သည်။ထို့နောက် macbook နဲ့ကားသော့ကိုယူကာ အလုပ်သွားဖို့အတွက် အခန်းအပြင်ဘက်ကိုထွက်လာခဲ့တော့သည်။

"ဟဲ့ရေ...ဒီနေ့ငါတို့ကုမ္ပဏီကို CEO အသစ်ရောက်လိမ့်မယ်ဆိုပြီးသတင်းကြားတယ်နော်"

"ဟယ် ငါတို့ CEO က ဦးရှိုင်းထက်သာမဟုတ်ဘူးလား၊ ငါတို့ကုမ္ပဏီတွေလို ကုမ္ပဏီခွဲတွေကို Shine company ကပဲ အုပ်ချုပ်တာမဟုတ်ဘူးလား"

"အေး ဟုတ်တယ်၊ ဒါပေမယ့် အခုက CEO အသစ်တဲ့လေ...ဦးရှိုင်းထက်သာနဲ့ဘာတော်တာလဲမသိဘူး"

"အဲတာတော့ ငါလည်းမပြောတတ်ဘူး ဦးရှိုင်းထက်သာကိုယ်တိုင်ကြေညာမှပဲ ကြည့်ကြတာပေါ့"

ဝန်ထမ်းအားလုံးတစ်ယောက်တစ်ပေါက်နဲ့စကားတွေများနေကြစဉ် ဓာတ်လှေကားမှတစ်ဆင့်လျှောက်လမ်းဆီသို့ဦးတည်လာသော လူတစ်စုကိုသူတို့တွေ့လိုက်ရသည်။ ထိုလူတစ်စုတည်းကမှ ရှေ့ဆုံးကနေဦးဆောင်လာသူဆီသို့ သူတို့ရဲ့အကြည့်တွေအားလုံးရောက်သွားကြသည်။ ရှည်လျားတဲ့အရပ်အမောင်းနဲ့အတူ တောင့်တင်းတဲ့ခန္ဓာကိုယ်နဲ့လိုက်ဖက်စွာဝတ်ဆင်ထားသည့် suit နီညိုရောင်နဲ့လူတစ်ယောက်။ နှဖူးပေါ်သို့လှန်တင်ထားသည့် ဆံနွယ်အညိုရောင်တွေက ထိုလူနဲ့လုံးဝလိုက်ဖက်နေပြီး ပိရိသေသပ်တဲ့နှုတ်ခမ်းတစ်စုံနဲ့အတူ တည်တင်းတဲ့မျက်နှာထားတို့က ထိုလူရဲ့အရှိန်အဝါတွေကို ပံ့ပို့ပေးနေသယောင်။အရယ်အပြုံးမရှိတဲ့ နှုတ်ခမ်းပါးတစ်စုံက တင်းတင်းစေ့ထားပြီး စူးရှတဲ့အညိုရောင်မျက်ဝန်းတစ်စုံမှာလည်း ရှေ့တူသာရှူပြီး သွားလိုရာဆီသို့ တစ်စိုက်မတ်မတ်ဦးတည်နေခဲ့သည်။ဝန်ထမ်းတွေအားလုံးခမျာ ထိုလူကိုမြင်လိုက်တာနဲ့ ပျာပျာသလဲဦးညွှတ်လိုက်ကြပြီး လမ်းဖယ်ပေးကြသည်။

ROYL (Ongoing)Where stories live. Discover now