ဒီရက်ပိုင်းရွိုင်အိမ်တော်ကိုမပြန်ဖြစ်ပေ။ ကုမ္ပဏီမှာသာအချိန်ကုန်ဖြစ်နေပြီး မြိုင့်ကိုလည်းအဆက်အသွယ်မလုပ်ဖြစ်။ ကိုယ်က သူပင်ပန်းမှာဆိုးလို့ အလုပ်မလုပ်ခိုင်းတာကို ရွိုင့်စကားနားမထောင်တဲ့အပြင် ရွိုင့်ကိုပါပြန်ရွဲ့နေသေးတာ။ရှိုင်းထက်မြိုင်....ရှိုင်းထက်မြိုင် မအားလို့လွှတ်ထားပေးထားတာကို အကောင်းမှတ်ပြီးနေချင်သလိုနေနေတာ။"ဘောစ့်"
စားပွဲပေါ်မှာ macbook တစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့သူ့ဆီကို နေဇော်သွားလိုက်သည်။
"ဘာကိစ္စလဲ နေဇော်"
"မင်းကို ရှိုင်းထက်မြိုင်လာတွေ့တယ်"
နေဇော့်စကားသံအဆုံး စာရိုက်နေတဲ့ရွိုင့်လက်တွေဟာ ရပ်တန့်သွားခဲ့သည်။အံ့ဩသွားတဲ့ပုံစံနဲ့ရွိုင်က နေဇော့်ကိုမော့ကြည့်လိုက်တယ်။
"ဘယ်လို မြိုင်ကငါ့ကိုလာတွေ့တယ် မဟုတ်မှငါ့ကိုလာချော့တာလား"
"အဲ့တာတော့ငါလည်းမသိဘူး ဒါပေမယ့်မင်းဆီကိုသူတစ်ယောက်တည်းလာတာတော့မဟုတ်ဘူး သူ့PA နဲ့ အတွင်းရေးမှူးလည်းပါတယ်"
"ဘယ်လို!"
Time skip..
ရွိုင့်ကိုတွေ့ဖို့အတွက်အပြင်မှာစောင့်နေစဉ် နေဇော်ကရုံးခန်းထဲကထွက်လာသည်။ မြိုင်လည်း နေဇော်နဲ့တွေ့ပြီး နေဇော်ကရွိုင့်ရုံးခန်းထဲကိုဝင်ခွင့်ပြုလိုက်တာကြောင့် မြိုင်ကအထဲဝင်ဖို့လုပ်လိုက်သည်။
"နေအုန်း ရှိုင်းထက်မြိုင်မင်းတစ်ယောက်တည်းကိုဝင်ခိုင်းတာ"
နေဇော့်စကားကြောင့် မြိုင့်ဝန်ထမ်းနှစ်ယောက်အံ့ဩသွားခဲ့ပေမယ့် မြိုင်ကတော့ဂရုမစိုက်စွာနဲ့ သူတို့နှစ်ယောက်ကိုပါရုံးခန်းထဲဝင်ခိုင်းလိုက်သည်။ အကြောတင်းတဲ့နှစ်ယောက်အကြား စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့နေဇော်ကတော့ ချက်ချင်းအလုပ်ထွက်ချင်စိတ်ပေါက်နေပြီဖြစ်သည်။
မြိုင်တစ်ယောက် အခန်းထဲဝင်လာနိုး ဝင်လာနိုးနဲ့ ဖင်တကြွကြွနဲ့စောင့်နေစဉ် တံခါးခေါက်သံကြားလိုက်ရတာကြောင့် ရွိုင်ချက်ချင်းပင်ထိုင်ခုံမှာပြေးထိုင်လိုက်ပြီး macbook တစ်လုံးနဲ့အလုပ်ရှုပ်ချင်ယောင်ဆောင်လိုက်သည်။ထို့နောက် တံခါးဖွင့်သံနဲ့အတူ သင်းပျံ့တဲ့လက်ဖက်စိမ်းရနံ့ကို ခံစားလိုက်ရပြီး ထိုရနံ့လေးက သူ့နဲ့ တဖြေးဖြေးနီးကပ်လာသလိုခံစားလိုက်ရသည်။
YOU ARE READING
ROYL (Ongoing)
ActionRed Flag ကြိုက်ရင် ဒါလေးဖတ် ❤ မွန်ဒီပမောင် (ROYL) + ရှိုင်းထက်မြိုင် ❤