Part 19

861 18 3
                                    


သာယာသောနေ့လေးတစ်နေ့၌ အိမ်ရှေ့ခြံဝင်းတစ်ခုလုံးမှာအလှစိုက်ထားတဲ့ အစိမ်းရောင်မြက်ခင်းပြင်ပေါ်မှာ ဆေးရောင်စုံများနှင့်အတူ ပန်းချီကားချပ်များကြား နစ်မြှုပ်နေကြတဲ့ လူနှစ်ယောက်ရှိနေခဲ့သည်။

"ကိုကိုကြီး ပန်းချီဆွဲတတ်တာကလေ ဘယ်သူ့ဆီမှာသင်တာလဲဟင်"

မြိုင့်ရဲ့ရယ်မောနေတဲ့ပုံစံလေးကို စိတ်ထဲမှာမှန်းဆရင်း စုတ်တံက ပန်းချီကားချပ်ပေါ်မှာ ပြေးလွှားနေစဉ် ညီညီ့အသံကြောင့် ရွိုင် ဘေးကိုငဲ့ကြည့်မိလိုက်တယ်။ညီညီက ကားချပ်ပေါ်မှာ ဆေးရည်တွေနဲ့အလုပ်ရှုပ်နေကာ သူ့မျက်နှာနဲ့ခန္ဓာကိုယ်တစ်ဝိုက်မှာလည်း ဆေးရောင်စုံများပေရေနေသည်။

"ဘယ်သူ့ဆီမှာမှ မသင်ရပါဘူးဗျာ ကိုကိုကြီးက အရင်ကတည်းက ပန်းချီဆွဲတတ်တာ"

"ဝိုး ကိုကိုကြီးက အရမ်းတော်တာပဲ "

ပါးစပ်လေးကို အံ့ဩသလိုလေးလုပ်ကာ သူဆွဲနေတဲ့ပန်းချီကိုလာကြည့်ပြီး ညီညီကလက်မလေးထောင်ပြလာသည်။

"ကိုကို့ပုံဆွဲနေတာပဲ အရမ်းမိုက်တယ်"

"ညီညီကရော ဘာပုံဆွဲနေတာလဲ"

"ညီညီက ကားပုံဆွဲနေတာ ဒီမှာကြည့် လှလား"

ညီညီထိုးပြလာတဲ့ပုံကိုလှမ်းကြည့်မိတော့ ပြိုင်ကားတစ်စီးပုံစံလေးဆွဲနေတာဖြစ်ပြီး ကားကိုလည်း အဝါရောင်ခြယ်သထားသည်။

"ညီညီက တော်လိုက်တာဗျာ ဒီအရွယ်လေးနဲ့ဒီလောက်လှအောင်ဆွဲနိုင်တာ ကိုကိုကြီးထက်တောင် သာသွားပြီ"

ရွိုင်က ညီညီ့ခေါင်းလေးကို လက်နဲ့အသာပွတ်သပ်ပေးတော့ ညီညီက ခေါင်းငုံ့ကာ ရယ်မောနေသည်။

"ဟီးဟီး ဒါနဲ့လေကိုကိုကြီး ညီညီ့ပုံလေးကိုလည်းဆွဲပေးပါလားဟင်"

"ဆွဲပေးရမှာပေါ့ဗျာ "

"အလှဆုံးဆွဲပေးနော် ကိုကို့ပုံထက်လှအောင်ဆွဲပေး"

"သခင်လေးသဘောအတိုင်းပါပဲဗျာ"

"ဟီး ခစ်ခစ်"

"ဘာပုံတွေဆွဲနေကြတာလဲ"

မြိုင်က ညီညီ့ဆီအရင်သွားပြီးကြည့်လိုက်တော့ ညီညီက ကားပုံ စက်ရုပ်ပုံတွေနဲ့ ရှုခင်းပုံတစ်ချို့ဆွဲထားတာတွေကို ပြလာသည်။

ROYL (Ongoing)Where stories live. Discover now