Part 27

690 25 8
                                    



သူငယ်ချင်းတွေကို အိမ်ခေါ်ထားပြီး ဘီယာသောက်ပြနေတဲ့ကောင်ကိုကြည့်ကာ စိုင်းမိန်းသျှန်ခတို့စိတ်ပျက်လက်ပျက်နဲ့ထိုင်နေကြသည်။ ဘီယာကိုတစ်ခွက်ပြီးတစ်ခွက်သောက်ကာမူးနေတဲ့ရွိုင့်ပုံစံက တော်တော်လေးအသဲကွဲနေပုံရသည်။

"ဒီကောင်ဘာဖြစ်နေတာလဲ"

ကြယ်တံခွန်ကမေးတော့ သူရနေဇော်က ဘီယာသောက်ရင်းနဲ့ပြန်ဖြေသည်။

"လွန်ခဲ့တဲ့သုံးရက်က ရှိုင်းထက်မြိုင်နဲ့တွေ့ပြီးကတည်းက ဒီလိုဖြစ်နေတာပဲ"

"ပြတ်သွားလည်းအေးတာပဲ"

သျှန်ခက ပြောတော့ အမူးသမားလေးရွိုင်က ဘီယာသောက်ရင်းကနေ ခေါင်းထောင်ရင်းကြည့်လာသည်။

"ပြတ်စရာလား ငါနဲ့မြိုင်က ဘယ်တော့မှပြတ်မှာမဟုတ်ဘူး"

"မပြတ်ဘူးဆိုရင်လည်း မင်းပုံစံကိုအရင်ဆုံးပြင်လေ စောက်သဲကွဲနေတာမြင်လို့တောင်မကောင်းဘူး"

"မင်းတို့ပဲစဉ်းစားကြည့်ကွာ တောင်ကြီးကနေပြန်လာပြီးကတည်းက ဘယ်လိုနည်းနဲ့မှ သူ့ကိုငါအဆုံးအရှုံးမခံနိုင်တော့ဘူး အိမ်ထဲကနေအိမ်ပြင်မထွက်နဲ့လို့ပဲပြောတာကို ငါ့ကိုဆဲတယ်သိလား"

"မင်းကပြန်မဆဲလိုက်ဘူးလား"

"ဟင့်အင်း ငါလည်းစောက်စကားမများချင်တော့လို့ ပြန်လာခဲ့လိုက်တာ"

"အော် အေးပါကွာ"

"ရည်းစားထားရတာမကောင်းဘူးကွာ ငါတော့အချစ်ကိုစိတ်ကုန်သွားပြီ"

မူးမူးနဲ့ပြောချင်ရာပြောပြီး ခုံပေါ်မှောက်သွားတဲ့ရွိုင့်ကိုကြည့်ကာ စိုင်းမိန်းသျှန်ခမှာခေါင်းတစ်ခါခါ။

"ဒါနဲ့ မင်းအိမ်ကရော အခြေအနေဘယ်လိုလဲ"

ကြယ်တံခွန်မေးတော့ သျှန်ခက...

"ရှိုင်းထက်မြိုင်ကိုရန်ကုန်အိမ်ပြန်ပို့ပြီးတော့ ရွိုင်ငါတို့ဆီပြန်ရောက်လာပြီး ပေါ့ကိုလာတွေ့တယ်လေ၊ ပေါ့ကတော့ပြောပါတယ် လူငယ်သဘာဝချင်းချင်းဖြစ်တဲ့ကိစ္စမို့လို့ ကိုယ့်ဘာသာကိုယ်ဖြေရှင်းချင်လား သူဖြေရှင်းပေးရမလားလို့မေးတော့ ဒီကောင်က သူ့ဘာသာဖြေရှင်းမယ်ဆိုပြီး ဘိန်းစိုက်ခင်းတွေနဲ့ ဂိုထောင်ကိုမီးရှို့လိုက်တယ်လေ၊ ပြီးတော့ နွံဟန်လျန်းကိုပါ သတ်မယ်ဆိုပြီးတကဲကဲလုပ်နေလို့ ငါ့မှာမနည်းဆွဲထားလိုက်ရသေးတယ်"

ROYL (Ongoing)Where stories live. Discover now